ဥရောပသမဂ္ဂအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အရေးကြီးလုပ်ငန်းစဉ်များ
အကောင်အထည်ဖော် တည်ဆောက်ရန် မြန်မာအစိုးရသာမက ပြည်သူလူထုနှင့်ပါ လက်တွဲ
ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ Herman Van Rompuy က မတ်လ
၅ ရက်နေ့တွင် ပြောသည်။
ပြည်ထောင်စုသမ္မတ ဦးသိန်းစိန် သည် ဥရောပနိုင်ငံများသို့ တရားဝင် သွားရောက်လည်ပတ်နေရာ
ဘယ်လ် ဂျီယမ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဥရောပသမဂ္ဂ ဥက္ကဋ္ဌနှင့် တွေ့ဆုံမှုအပြီး ပူးတွဲ ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌဖြစ်သူ Herman Van Rompuy က ထည့်သွင်းပြောကြားခြင်းဖြစ်
သည်။
"မြန်မာအစိုးရနဲ့ ပြည်သူတွေနဲ့ အတူတကွပူးပေါင်းပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်လာ
ဖို့၊ စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်လာဖိ့ုနဲ့ ကျွန်တော်တို့ နှစ်နိုင်ငံအဖွဲ့အစည်းတွေ ပိုမိုနီးစပ် ပေါင်း
စည်းဖို့အတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ။ လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံ
အနေ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ဥရောပသမဂ္ဂက
ကူညီပေးမှာဖြစ်ပါတယ်" ဟု ဥရောပသမဂ္ဂဥက္ကဋ္ဌဖြစ်သူ Herman Van Rompuy က ဆိုသည်။
အလားတူ မြန်မာငြိမ်းချမ်းရေး စင်တာ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆက်လက်
ပံ့ပိုးကူညီ သွားမည့်အပြင် ရွေးကောက်ပွဲကော် မရှင်နှင့်လည်း ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲအတွက်
ကြိုတင် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
ထို့ပြင် လူ့အခွင့်အရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုများကိုလည်း
ပြုလုပ်သွားမည့်အပြင် မြန်မာနိုင်ငံ စီးပွားရေး ရေရှည်တည်တံ့ရေးအတွက်လည်း ကူညီ ဆောင်
ရွက်ပေးသွားမည်ဟု ၎င်းက ပြောကြားသည်။
ဥရောပသမဂ္ဂအနေဖြင့် နှစ်ဦးနှစ်ဖက် သဘောတူ ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်ခြေကိုလည်း ကြည့်ရှု
သုံးသပ်မည်ဟု ၎င်းက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့တွေဖြစ်တဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ရေရှည်
တည်တံ့တဲ့ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေကိုတော့ ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အခု
ကျွန်တော်တို့ မိတ်ဖက်ပူးပေါင်းမှုက မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂက အဖွဲ့အစည်း အသီးသီးတွေကို
အတူတကွ ပူးပေါင်းစေပြီး ပညာရေး၊ စာနယ်ဇင်း၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှု ဖလှယ်မှုတွေကို
မြှင့်ပေးဖို့ ရည်ရွယ်ပါတယ်" ဟု Herman Van Rompuy က ဆက်ပြောသည်။















