အမေရိကန်နိုင်ငံ၏နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့်အကြံပေးအရာရှိ
ဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မတ်လ
၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မစ္စတာအမ်ပက်ထရစ်မာဖီသည် မတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဂျပန်၊ မြန်မာနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ များသို့ သွားရောက်မည်ဖြစ်ကာ မတ်လ ၁၃ မှ ၁၆ ရက် နေ့တွင် နေပြည်တော်
နှင့် အခြားမြို့များသို့ ရောက်ရှိမည်ဖြစ်သည်။
ခရီးစဉ်အတွင်း အစိုးရအဆင့်မြင့် အရာရှိများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် တွေ့ဆုံမည်ဖြစ်ကာ
အမေရိကန်နိုင်ငံ ၏ မူဝါဒ၊ ရခိုင်နှင့် ကချင်အရေးများကို ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံတကာ
အထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ် များအပါအဝင် ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြား
စေ့ရေးကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။















