ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားများ နေ့စဉ်ငွေထုတ်ယူခွင့်ကို ဗဟိုဘဏ် က မတ်လ ၆ ရက်
နေ့က စတင်ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှတာဝန်
ရှိသူတစ်ဦးက ပြောသည်။
ယခင်က တစ်ပတ်လျှင် ဒေါ်လာ ၁၀,၀၀၀ သာ အများဆုံးထုတ်ယူခွင့်ရှိရာ မှ ထိုသို့ခွင့်ပြုလိုက်ခြင်း
ဖြစ်ပြီး လက်ရှိ ရောင်းဝယ်ခွင့်ပေးထားသော ငွေကြေး များဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊
စင်ကာပူဒေါ်လာတို့ အပ်နှံ၊ ထုတ်ယူခွင့် ရှိမည်ဖြစ်သည်။
"နေ့စဉ်ငွေထုတ်ယူခွင့်က နိုင်ငံပိုင် ဘဏ်တွေမှာပဲ ထုတ်လို့ရတာလေ။ ပုဂ္ဂလိကဘဏ်တွေမှာ
အများဆုံးအပ်တဲ့ နိုင်ငံခြားသားတွေ အဆင်ပြေအောင် ခွင့်ပြုပေးလိုက်တာ"ဟု ၎င်းကပြော သည်။
လက်ရှိနိုင်ငံခြားငွေစာရင်း current account ဖွင့်လှစ်ရန်အတွက် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့
နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သုံးဘဏ်
အပြင် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါ ယမန် နှစ် မေလမှ လုပ်ကိုင်ခွင့်ရခဲ့သည်။
ဇူလိုင် လမှစတင်ခါ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့် authorized dealer လိုင်စင်ရရှိခဲ့ပြီး နို၀င်ဘာ
လတွင် နိုင်ငံခြားငွေနှင့်ပတ် သက်သော ၀န်ဆောင်မှုများကို ကုန်သွယ်မှုအပါအဝင် အကန့်အသတ်
မရှိ လုပ်ကိုင်ခွင့်ရခဲ့သည်။
"နိုင်ငံတကာဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်အောင် ကြိုးစားနေပြီး ကန့်သတ်ချက်
အတော်များများကိုလည်း ဖွင့်ပေးပြီးနေပါပြီ"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ငွေစာရင်းဖွင့်လှစ်ချင်သူ နိုင်ငံခြားသားများအတွက် အတိုးနှုန်းရရှိသော ငွေစုစာရင်း saving
account ဖွင့်လှစ် ခွင့်ကိုမူ နိုင်ငံသားများနည်းတူ ရရှိမည် မဟုတ်ပေ။















