ကောင်းမွန်သော သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီစဉ်

ကောင်းမွန်သော သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီစဉ်

တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ ကောင်း
မွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (Forest Law Enforcement
Governance and Trade - FLEGT) ကို စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါလုပ်ငန်းစဉ်တွင်
ပါဝင်ဆောင်ရွက်နေသူများက ပြောသည်။

သစ်တောဝန်ထမ်းများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်
ရေးအဖွဲ့များ၊ သစ်လုပ်ငန်းရှင်များက ယခုလ ၁၅ ရက်က မန္တလေးမြို့တွင်တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုး
တိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားစိတ်ချရရေးနှင့် စဉ်ဆက်မပြတ်ညီညွတ်မျှတသော သစ်
တောသယံဇာတ ခွဲဝေသုံးစွဲနိုင်ရေးကို အထောက်အပံ့ဖြစ်စေသော သစ်တောစီမံအုပ်ချုပ်ခြင်း
တိုးတက်ကောင်းမွန်လာစေရန်အတွက် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေ
သော Forest Law Enforcement Governance and Trade, Voluntary Partnership
Agreement (FLEGT - VPA) လုပ်ငန်းစဉ်ဆောင်ရွက်နေမှုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

''တရားမဝင် သစ်ထုတ်လုပ်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေအပြင်
လူမှုစီးပွားရေးကိစ္စတွေကိုပါ ထိခိုက်လာနေတယ်။ နိုင်ငံတော်အတွင်းမှာလည်း အကျင့်ပျက်ခြစားမှု
တွေဖြစ်လာတယ်။ တရားမဝင် သစ်ထုတ်လုပ်နေတာတွေကြောင့် နှစ်စဉ် ၁ဝ ဘီလျံခန့် နိုင်ငံတော်
အတွက်လည်း ဆုံးရှုံးနစ်နာရတယ်။ သစ်တောထွက်ပစ္စည်းနဲ့ပတ်သက်ပြီး စီးပွားရှာနေတဲ့ကုမ္ပဏီ
တွေအနေနဲ့လည်း စီးပွားရေးမတည်ငြိမ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှု မသေချာမှုတွေ၊ အခြားမလိုလားအပ်
တဲ့ဆုံးရှုံးနစ်နာမှုတွေ ကြံုတွေ့နေရတယ်။ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးမှုနည်းခြင်း၊ စီးပွားရေး
လက်ဝါးကြီးအုပ်သူတွေရဲ့ ငွေကြေးနဲ့အာဏာကို လက်နက်သဖွယ်အသုံးပြုပြီး မြေယာသိမ်းမှုတွေ
ကြောင့် သစ်တောကိုမှီခိုနေတဲ့ ဌာနေတိုင်းရင်းသားတွေမှာ လူမှုပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးနစ်နာနေ
ကြရတယ်။ ဒါတွေကြောင့်မို့ သစ်တောသယံဇာတ ခွဲဝေသုံးစွဲနိုင်ရေးကို အထောက်အပံ့ဖြစ်စေတဲ့
သစ်တောစီမံခန့်ခွဲအုပ်ချုပ်ခြင်း တိုးတက်ကောင်းမွန်လာစေဖို့ (FLEGT -VPA) ကို မြန်မာနိုင်ငံမှာ
လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်'' ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေ
သည့် စိမ်းရောင်စို၏အတွင်းရေးမှူ း (FLEGT - VPA) လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသူ
ဦးစိုးဟိန်းက ပြောသည်။

မြန်မာနိုင်ငံသည် (FLEGT -VPA) လုပ်ငန်းစဉ်တွင် ကြိုတင်ပြင်ဆင်သည့်အဆင့်က ပါဝင်ရန်
ဥရောပသမဂ္ဂ (EU) သို့တရားဝင်အကြောင်းကြားခဲ့ပြီး (EU) က ၂ဝ၁၄ ခုနှစ်၊ မတ်လတွင် ပါဝင်
ဆောင်ရွက်နိုင်ရန် အကြောင်းပြန်ထားပြီးဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကြိုတင်ပြင်
ဆင်သည့်အဆင့် လုပ်ငန်းစီမံချက်ရေးဆွဲရေး (Inception Workshop on EU-Myanmar
FLEGT-VPA   Prepar-ation Phase) အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

FLEGT-VPA လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တရားဝင်သစ်ဖြစ်ကြောင်း
အာမခံသည့် စနစ်တစ်ခုသတ်မှတ်နိုင်ခြင်း၊ သစ်ထောက်ပံ့ရေးကွင်းဆက်ကို ခြေရာခံသည့်စနစ်
တစ်ခုဖော်ထုတ်နိုင်ခြင်း၊ သစ်တောကဏ္ဍစီမံအုပ်ချုပ်ခြင်းတွင် တိုးတက်ကောင်းမွန်လာနိုင်ခြင်း
စသည့်ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်သည်။

''FLEGTကို EU ဘက်က လုပ်ဆောင်တဲ့အပိုင်းဖြစ်ပါတယ်။ မိတ်ဖက်နိုင်ငံတွေကလည်း
Voluntary Partnership Agreement (VPA) ကို လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံကလည်း
(EU) ကို သစ်တင်ပို့ ရောင်းချမယ်ဆိုရင် နှစ်နိုင်ငံ မိတ်ဖက်သစ်ကုန်သွယ်မှုအတွက် သဘောတူ
စာချုပ်ချုပ်ဆိုနိုင်အောင် VPA လုပ်ငန်းစဉ်တွေကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ
ထာဝစဉ်တည်တံ့တဲ့ သစ်တောအုပ်ချုပ်မှုအပြင် တရားဝင်သစ်ကုန်သွယ်မှု တိုးတက်လာစေမှာ
ဖြစ်ပါတယ်'' ဟု FLEGTလုက်ငန်းစဉ်များလုပ်ဆောင်နေသည့် ဦးကျော်ထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်းရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်၌
၄၇ ရာခိုင်နှုန်းသို့ လျော့နည်းလာခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ နှစ်ပေါင်း ၂ဝ
အတွင်း သစ်တောဖုံးလွှမ်းမှု ပျမ်းမျှနှစ်စဉ် သုညဒသမ ၉၅ ရာခိုင်နှုန်းဆုံးရှုံးနေသည်ကို သုတေသန
မှတ်တမ်းများအရ သိရသည်။ သစ်တောပြုန်းတီးမှုကို ဖြစ်စေသောအကြောင်းအရင်းများတွင်
တရားမဝင်သစ်ထုတ်လုပ်ခြင်းအပြင် ယင်းနှင့်ဆက်စပ်လျက်ရှိသော သစ်ကုန်သွယ်မှုသည်လည်း
အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့ကြောင်း FLEGT -VPA လုပ်ငန်းစဉ်ဆောင်ရွက်နေသူများက
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး