မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်း
အဖွဲ့မှ ချပေးထားသော မြေကွက်လွတ်များတွင် မြေငှားဂရန်ရထားပြီးပါက ခြောက်လအတွင်း
ဝင်းခြံခတ်ရန်၊ အဆောက်အအုံဆောက်လုပ်ခွင့်တောင်းခံရန်နှင့် မလိုက်နာပါက မြေငှားဂရန်ကို
ပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲမြေအဖြစ် လုပ်ဆောင်သွားမည်ဟု အဆိုပါကော်မတီက ယခုလ ၁၆
ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
မြေကွက်လွတ်များတွင် ထိုသို့ ဝင်းခြံ၊ အုတ်တံတိုင်းခတ်ရန်၊ အဆောက်အအုံဆောက်လုပ်ရန် ပြီး
ခဲ့သော ၂ဝ၁၃ ခုနှစ်တွင် နှစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ်တွင်တစ်ကြိမ် အသိပေးကြေညာခဲ့သော်လည်း ဝင်းြ
ခံမကာ၊ အဆောက်အအုံမဆောက်သော မြေကွက်လပ်များ ရှိနေသေးကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်
ညီညွတ်ပြီး သာယာလှပရန် အုတ်တံတိုင်း၊ ခြံဝင်းခတ်ရန်နှင့် အဆောက်အအုံဆောက်လုပ်နေ
ထိုင်ရန် စည်းကမ်းသတ်မှတ်ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်သာယာက ကြေညာသည်။
ယခုအခါ မြေကွက်လပ်များအား မြေချထားမိန့်၊ မြေစလစ်မူရင်းများကိုင်ဆောင်ပြီး မြေငှားဂရန်
မလျှောက်ရသေးပါက အမြန်ဆုံးလျှောက်ထားကြရန်၊ မြေငှားဂရန် လျှောက်ထားပြီးသူများနှင့်
မြေငှားဂရန်ရှိသူများအနေဖြင့် ကြေညာချက်ထုတ်သည့်နေ့ရက်မှ ခြောက်လအတွင်း ဝင်းခြံကာရံ
ခြင်းနှင့် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်လျှောက်ကြရန်နှင့် ခွင့်ပြုမိန့်ရပြီးနောက်
ကိုးလအတွင်း အကောင်အထည် ဖော်ကြရန် သတ်မှတ်ထားသည်။
''အဆောက်အအုံ ဆောက်လုပ်တဲ့အခါ မြေကွက်အကျယ်အလိုက် ဆောက်လုပ်ရမယ့်အတိုင်း
အတာတွေကို မြို့တော်ဝန်ဆီတင်ပြအတည်ပြုချက်ယူပြီးရင် သတင်းစာထဲကနေ ထပ်ကြေညာ
ပေးသွားပါမယ်။ အဆောက်အအုံ အမျိုးအစားကိုတော့ ထည့်သတ်မှတ်ဖို့ မရှိပါဘူး။ ပိုက်ဆံတတ်
နိုင်ရင် တတ်နိုင်သလို ဆောက်ကြရမှာပါ'' ဟု စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်
ကုန်ရုံဌာနမှကော်မတီဝင် ဦးမောင်မောင်က ယခုလ ၂ဝ ရက်တွင် ပြောသည်။
တရားရုံးများတွင် မြေ (မြေကွက်လပ်) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အမှုအခင်းရင်ဆိုင်ဖြေရှင်းလျက်ရှိ
သူများနှင့် မြေရာမှုခင်း ရင်ဆိုင်ဖြေရှင်းလျက်ရှိသူများအနေဖြင့် ခိုင်လုံသောအထောက်အထားမိတ္တူ
မှန်များပူးတွဲလျက် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ အသိပေး
တင်ပြရန်လည်း ကော်မတီက ကြေညာထားသည်။
''ဒီလို ကြေညာချက်ထွက်ပြီးတဲ့နောက်မှာ အိမ်ခြံမြေစျေးကွက်အရောင်းအဝယ်ရုတ်တရက်ပိုအေး
သွားတဲ့သဘောမျိုးတော့ ရှိပါတယ်။ ခြံဝင်းခတ်ခိုင်းတာက ပြဿ နာမရှိပေမဲ့ အဆောက်အအုံ
ဆောက်လုပ်ဖို့ ငွေကြေးအင်အား ရှိမရှိအပိုင်းအတွက်တော့ စဉ်းစားဖို့လိုမယ်ထင်ပါတယ်။ စီမံကိန်း
အတွက်ချပေးထားတဲ့ မြေကွက်ဆိုရင်တော့ တစ်ပိုင်းပေါ့။ ချွေးနှဲစာနဲ့ ဝယ်ထားပြီး ငွေအင်အားမရှိ
သေးလို့ အိမ်မဆောက်နိုင်သေးတဲ့ သူတွေအတွက်တော့ အခက်တွေ့ နိုင်ပါတယ်''ဟု ဖိုးလမင်း
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၂ဝ ရက်တွင် ပြောသည်။
















