အိမ်ခြံမြေအရောင်းအဝယ် ဆက်လက်ငြိမ်သက်ရန် ရာခိုင်နှုန်းများနေဆဲ

အိမ်ခြံမြေအရောင်းအဝယ် ဆက်လက်ငြိမ်သက်ရန် ရာခိုင်နှုန်းများနေဆဲ

မန္တလေးမြို့ အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ်ဟာ ဆက်လက်ငြိမ်သက်နိုင်ခြေသာ ရာခိုင်နှုန်း
များနေဆဲဖြစ်ပြီး စျေးကွက်ပြန်လှုပ်ခတ်မယ့်အချိန်ကို မှန်းဆရခက်ခဲနေကြောင်း အိမ်ခြံမြေအကျိုး
ဆောင်တချို့က ပြောပါတယ်။

အရောင်းအဝယ်ကောင်းပြီး စျေးနှုန်းတွေမြင့်တက်ခဲ့တဲ့နောက်မှာ အိမ်ခြံမြေစျေးကွက် အရောင်း
အဝယ်ဟာ ပြီးခဲ့တဲ့ငါးနှစ်တာကာလလောက်ကစတင်ပြီး သိသိသာသာ အေးစက်ခဲ့ပါတယ်။
လတ်တလောမှာလည်း အိမ်ခြံမြေစျေးကွက်ဟာ အဲဒီအနေအထားကနေ ရုန်းထွက်ဖို့ ခက်ခဲနေဆဲ
ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အကျပ်အတည်းဆိုက်နေဦးမယ်လို့ ယူဆကြသူတွေ များ
နေပါတယ်။

အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်ငြိမ်သက်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူနေနည်းပါးပြီး
ဝယ်ရောင်းစျေးကွက်အဖြစ် အလုပ်လုပ်ကျလေ့ရှိတဲ့ ဧရိယာတွေအတွင်းမှာ မြေစျေးနှုန်းတွေ
အချိန်တိုအတွင်း မြင့်တက်ကုန်တာ၊ ကျောက်စိမ်းစျေးကွက် အလုပ်မဖြစ်တာ၊ ငွေကြေးတောင့်သူ
တွေရင်းနှီးမြှုပ်နှံမှုနည်းပြီး စောင့်ကြည့်တဲ့အနေအထားသာ များပြားခဲ့တာ၊ အခွန်နှုန်းထားမြင့်တာ
စတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိနေပါတယ်။ အစိုးရသစ်အကူးအပြောင်းကာလနောက်ပိုင်းမှာ စျေး
ကွက် တစ်ကျော့ပြန်လှုပ်ခတ်လာနိုင်တယ်လို့ မျှော်လင့်သူတချို့ ရှိခဲ့ပေမဲ့လည်း အခုထိအလုပ်မဖြစ်
နိုင်သေးပါဘူး။

လတ်တလောအနေအထားမှာ အထူးသဖြင့် လူနေထိုင်မှုဖွံ့ဖြိုးမှုနည်းပါးသေးတဲ့ အိမ်ခြံမြေအကွက်
အကွင်းတွေမှာ ပေါက်စျေးတန်းဆိုတာထက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ အလုပ်လုပ်နေကြရတာ
များပေမဲ့ ဝယ်သူဘက်က အားသာတဲ့ပုံစံ ရှိနေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ ဒီဖွံ့ဖြိုး
မှုနည်းပါးတဲ့အပိုင်းတွေမှာ အကွက်အကွင်းမကောင်းရင် အရင်စျေးကွက်လှုပ်ခတ်စဉ်ကလို ခေါ်စျေး
တွေမမာနိုင်ဘဲ စျေးနှုန်းတွေလည်း အရင်ကထက် ကျဆင်းနေပါတယ်။ လူနေအထိုင်ကျပြီး သွား
လာဆက်သွယ်ရေးလည်း ကောင်းမွန်၊ အခြေခံလူမှုအဆောက်အအုံတွေနဲ့ ပြည့်စုံနေတဲ့ မြို့သစ်
ဧရိယာတွေကတော့ စျေးနှုန်းတည်ငြိမ်မှုရှိပြီး အမှန်တကယ်အခြေချနေထိုင်လိုသူတွေနဲ့ စျေးကွက်
ဟာ ပုံမှန်လည်ပတ်မှုရှိနေပါတယ်။ အဲဒီ ဧရိယာတွေမှာ နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ ဝယ်ယူရင်မမှား
နိုင်ဘဲ ရေရှည်အတွက်လည်း အရှုံးမရှိကြောင်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

အိမ်မြေစျေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်ဆိုပေမဲ့ အထက်ကပြောခဲ့သလို နေရာကောင်း
ရင် စျေးနှုန်းတွေက မာသလို၊ တစ်ဖက်မှာလည်း အမှန်တကယ်အသုံးပြု နေထိုင်ဖို့ ဝယ်ယူတာမျိုး
ကလွဲရင် စျေးကွက်ကိုစောင့်ကြည့်တဲ့သူတွေသာ များနေတာကြောင့် ဝယ်ရောင်းစျေးကွက်ကို
အားထားအလုပ်လုပ်နိုင်ဦးမှာမဟုတ်ကြောင်း အများစုက ယူဆနေကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး