အိုးဘိုထောင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ ရှစ်ဦးရှိ

အိုးဘိုထောင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ ရှစ်ဦးရှိ

မန္တလေးအိုးဘိုအကျဉ်းထောင်၌ အကျဉ်းကျနေသူများထဲမှ မတ် ၈ ရက်တွင်စတင်မည့် ယခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူရှစ်ဦးရှိကြောင်း အကျဉ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူ းဦးမင်း
ထွန်းစိုးက ယခုလ ၁၈ ရက်တွင် ပြောသည်။

''စာမေးပွဲဖြေဖို့အတွက် အိုးဘိုထောင်ထဲမှာ စာစစ်ဌာနထားရှိပါတယ်။ ကျွန်တော်တို့ အကျဉ်းဦးစီး
ဌာနဘက်ကနေ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားလေးတွေအတွက် ကျောင်းဝတ်စုံနဲ့ လိုအပ်တာ
ထောက်ပံ့ပေးထားပါတယ်။ စာမေးပွဲဖြေဆိုလို့ အောင်သွားရင်လည်း တက္ကသိုလ်တက်နိုင်အောင်
ဆောင်ရွက်ပေးထားပါတယ်''ဟု ဦးမင်းထွန်းစိုးက ပြောသည်။

တစ်နိုင်ငံလုံးတွင် အကျဉ်းကျနေသူများထဲမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားအရေအတွက်မှာ
၃၈ ဦးရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး