၂ဝ၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုများပြားခဲ့ကြောင်း
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူ းချုပ်ရုံး (အထက်မြန်မာပြည်)မှ
တာဝန်ရှိသူက ပြောကြားသည်။
''မန္တလေးတိုင်းက ခရီးသွားအရေအတွက်တိုးလာတယ်။ Tourism Heart လို့ပြောရမှာပေါ့။ လာ
သမျှလူက ဒီကိုလာကြတယ်။ နိုင်ငံတကာ Guide Book တွေမှာလည်း မြန်မာပြည်ရဲ့ထင်ရှားတဲ့
ခရီးစဉ်ဒေသလေးခုမှာ ပါတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်''ဟု အဆိုပါဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူ း ဦးစန်းယုက ပြောသည်။
၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားခရီးသည် ၃ဝ၆,၄၃၂ ဦး ဝင်ရောက်ခဲ့
ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ၃၈၅,ဝ၃၁ ဦး ဝင်ရောက်လာသဖြင့် ခရီးသည်ဝင်ရောက်မှုမှာ ၂၅ ရာခိုင်နှု
န်းခန့် တိုးတက်လာကြောင်း ၄င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသည်များတွင် တရုတ်ခရီးသွား
ဝင်ရောက်မှုမှာအများဆုံးဖြစ်ပြီး ဒုတိယမှာ ပြင်သစ်၊ တတိယမှာ ထိုင်းနှင့် စတုတ္ထမှာ ဂျာမနီတို့
ဖြစ်သည်။
''တစ်နိုင်ငံလုံးမှာဆိုရင်တော့ ထိုင်းခရီးသွားဝင်ရောက်မှုက အများဆုံး။ မန္တလေးတိုင်းမှာကျတော့
အများဆုံးက တရုတ်ဖြစ်နေတယ်။ မန္တလေးနဲ့တရုတ်က ဆက်စပ်နေတယ်။ လည်ပတ်ဖို့လာသလို
စီးပွားရေးအတွက် လာတဲ့သူတွေလည်း များတယ်''ဟု ဦးစန်းယုက ပြောသည်။
ယခုနှစ်တွင်လည်း နိုင်ငံခြားသားခရီးသည်အရေအတွက် တိုးလာရန် မျှော်မှန်းထားကြောင်း၊ ယင်း
သို့တိုးလာရန် Master Plan အရကြိုးစားနေကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလက နိုင်ငံခြားသားခရီး
သည် ၅၃,ဝ၅၁ ဦးဝင်ရောက်ပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။















