မူးယစ်ဆေးဝါး၊ ပစ္စတိုသေနတ်နှင့် ကျည်အများအပြား တွေ့ရှိ

မူးယစ်ဆေးဝါး၊ ပစ္စတိုသေနတ်နှင့် ကျည်အများအပြား တွေ့ရှိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ယခုလ ၁၅ ရက်နှင့် ၁၆ ရက်က
မူးယစ်ဆေးဝါးနှင့် လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

မဟာအောင်မြေမြို့နယ်၊ (ပ) ရပ်ကွက်၊ မဟာမြိုင် (၂)  ရပ်ကွက်၊ လမ်း ၆ဝ နှင့် ၆၁ လမ်းကြား၊
လမ်း ၄ဝ နှင့် ၄၁ လမ်းကြားရှိ အိမ်အမှတ် ပ/၃/၄၇ နေ ကိုစိုးဝင်း (ခ) အားဝူ၏နေအိမ်အား
တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ သတင်းအရ ယခုလ ၁၅ ရက်က ဝင်ရောက်ရှာဖွေရာ နေအိမ်ဗီရိုအတွင်းမှ
ဘိန်းဖြူအလေးချိန် ၁၂ ဒသမ၅ ဂရမ်၊ အိုက်စ် ICE ၂ ဂရမ်၊ ၈၈ နှင့် ၁ စာတန်းပါ ပန်းရောင်စိတ်ကြွ
ရူးသွပ်ဆေးပြား ၂၃၈ ပြား၊ အလေးချိန် ၂၃ ဒသမ ၈ ဂရမ်၊ ဘိန်းဆီခဲ ၆ဝ ဂရမ် နှင့်အတူ စိုးဝင်း
(ခ) အားဝူကို ဖမ်းဆီးရမိခဲ့သည်။

၄င်းအား စစ်ဆေးပြီး ကွင်းဆက်တရားခံဖြစ်သူ ဘိုင်ကြီး (ခ) တင်မောင်ဝင်း(ခ)ခင်မောင်ထွန်း၏
ဇနီးနေထိုင်သော လမ်း ၅ဝ ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ မတွေ့ရှိရဘဲ  စည်းရုံး
သိမ်းသွင်းမေးမြန်းခဲ့ရာ  တစ်လမ်းကျော်တွင်ရှိသော မိခင်ဖြစ်သူ၏နေအိမ်တွင် သိမ်းဆည်းထား
ကြောင်းပြောဆိုသည့်အတွက် ဆက်လက်ရှာဖွေခဲ့ရာ ဘိုင်ကြီးမိခင်ဖြစ်သူ ဒေါ်လုံး၏နေအိမ်တွင်
သိမ်းဆည်းထားသော ၈၈ နှင့် ၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃ဝ၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်၊
အိုက်စ် ၃၁ဝ ပြား၊ ဘိန်းဆီခဲ ၈၃၂ ဂရမ်ကို အပ်ပေးသဖြင့် တာဝန်ရှိ ရဲအရာရှိမှ ရှာဖွေပုံစံဖြင့်
သိမ်းဆည်းခဲ့သည်။

ပုသိမ်ကြီးမြို့နယ် မဲခင်းကုန်း ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ၊ ပုဂံလမ်း၊ အကွက်အမှတ်
၄၉၇၊ ဦးပိုင်အမှတ် (စ/၅၈၁) တွင်ရှိသော ဘိုင်ကြီးငှားရမ်းနေထိုင်သည့်နေအိမ်အား ပုသိမ်ကြီး
မြို့နယ် ရဲစခန်းတာဝန်ရှိသူများ၊ မူးယစ်တပ်ဖွဲ့တာဝန်ရှိသူများ ယခုလ ၁၆ ရက်က ပူးပေါင်းရှာဖွေခဲ့ရာ ဘိန်းဖြူ
ဆပ်ပြာခွက် ၂၉ ခွက်၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇ဝ,၈၅၈ ပြား၊ ဘိန်းဆီခဲ ၂၈ ထုပ်
အတက်စီ ၃၄ ပြား၊ အိုက်စ် ၁ ဒသမ ဝ၅ ကီလိုဂရမ်၊ ဆူဒို  ၁၂,ဝဝဝ ပြား နှင့်အတူ STAR  S.A
cal 7.65 -32 pm စာတန်းပါ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတို သေနတ်တစ်လက်နှင့်အတူ ကျည် ၈၃
တောင့်တို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး