အကယ်ဒမီနောင်နောင်ကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုမည်

အကယ်ဒမီနောင်နောင်ကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုမည်

နေအိမ်တွင် မူးယစ်ဆေးဝါးများတွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသော ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ နောင်
နောင်ကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် တရားသူကြီး
ဦးစိန်ကြည်က ပြောသည်။

''(မူး/စိတ်)ပုဒ်မ ၁၉ ပါတဲ့အတွက် ခရိုင်တရားရုံးမှာ စွဲလိမ့်မယ်။ မြို့နယ်မှာတော့ စွဲမှာမဟုတ်ဘူး။
ရုံးထုတ်ရင် ခရိုင်တရားရုံးမှာ ထုတ်လိမ့်မယ်''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ရဲလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ချမ်းအေးသာစံမြို့နယ်တရားရုံးက အကယ်ဒမီ
နောင်နောင်ကို မတ် ၃ ရက်ထိ ရမန်ချုပ်ရက်ပေးထားသည်။ ဖေဖော်ဝါရီ ၁၈ ရက်က မူးယစ်တပ်ဖွဲ့
စု (၁၇)သည် မူးယစ်ဆေးဝါးသတင်းအရ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ရီမြင့်
ရုပ်ရှင်ထုတ်လုပ်ရေးခြံဝင်းနေ ဇော်မျိုးနောင်(ခ)နောင်နောင်အိပ်ခန်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ
၄င်း၏အိပ်ခန်းအတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ ပြား (အလေးချိန် ၁၄ ဂရမ်)၊
ဘိန်းဖြူမှုန့် နှစ်ဂရမ်၊ မက်သာအက်ဖက်တမင်း ဟိုက်ဒရိုကလိုရိုက်ပုံဆောင်ခဲ သုည ဒသမ ၈ ဂရမ်
တို့ကို သိမ်းဆည်းရမိခဲ့သည်။

ဇော်မျိုးနောင် (ခ) နောင်နောင်ကိုစစ်မေးရာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ဖေဖော်ဝါရီ
၁၇ ရက်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း (၅)နေ ညီညီကျော်ထံမှ ကိုယ်တိုင်သုံးစွဲရန်
ဝယ်ခဲ့ယူပြီး ကျန်ရှိနေသော မူးယစ်ဆေးဝါးများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ဇော်မျိုးနောင်(ခ) နောင်နောင်နှင့် ညီညီကျော်တို့ကို အမှတ် (၆) နယ်မြေရဲစခန်းတွင်
မယ(ပ) ၁/၂ဝ၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ
အမှုဖွင့်စစ်ဆေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး