မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုကျောင်းတွင်သီတင်း
သုံးနေထိုင်တော်မူသည့် နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာမဏ္ဍိတ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ
မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး၏ အန္တိမ
စျာပနအခမ်းအနားကို ယခုလ ၁၈ ရက်တွေင် အောင်မြေသာစံမြို့နယ် ရွှေမန်းတောင်အားကစား
ကွင်း၌ ကျင်းပခဲ့သည်။
၁၉ ရက်တွင် ဆရာတော်ဘုရားကြီး၏အရိုးပြာကို ဧရာဝတီမြစ်အတွင်းမျှောသည့်အခမ်းအနား
ကျင်းပပြုလုပ်ခဲ့ကာ ၂ဝ ရက်တွင် အန္တိမစျာပနအခမ်းအနား ပူဇော်တရားပွဲများနှင့် အလှူ ဒါနပြုလုပ်
ခြင်းများကို ပြုလုပ်ခဲ့သည်။

ယခုလ ၁၈ ရက်က ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ရာ စံကျောင်းတော်မှ ရွှေမန်းတောင်
အားကစားကွင်းသို့ ဆရာတော်၏ရုပ်ကလာပ်ကို ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်ပူဇော်ခဲ့ပြီး လမ်း
တစ်လျှောက်တွင် ဒေသခံများ ပရိသတ်သိန်းချီ၍ လာရောက်ဖူးမြော်ကန်တော့ခဲ့ကြသည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၁ဝဝ၊ သိက္ခာတော် ၈၁ ဝါရှိပြီး ယခုလ ၁၄ ရက်နေ့ နံနက်
၁ နာရီမိနစ် ၃ဝ အချိန်တွင် ဘဝခန္ဓာချုပ်ငြိမ်းပျံလွန်တော်မူခဲ့သည်။
















