မန္တလေးမြို့တွင် သွေးကင်ဆာ ကလေးငယ်များ ကူညီရေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်း

မန္တလေးမြို့တွင် သွေးကင်ဆာ ကလေးငယ်များ ကူညီရေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်း

မန္တလေးမြို့ ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံတွင် သွေးကင်ဆာကလေးငယ်များကူညီရေး ရန်ပုံငွေ
အဖွဲ့ကို ဓမ္မပါလနှင့် မြတ်ပါရမီပရဟိတအသင်းများ၊ ဆေးရုံတာဝန်ရှိသူများ၊ သီးခြားအလှူရှင်များဖြင့်
ဖေဖော်ဝါရီ ၂၁ ရက်က ဖွဲ့စည်းခဲ့သည်။

''သွေးကင်ဆာဖြစ်တဲ့ ကလေးတွေက တစ်နေ့တခြားများလာတယ်။ ရောဂါဖြစ်တဲ့ကလေးတွေများ
လာတော့ ထိရောက်တဲ့ကုသမှုပိုင်းလုပ်ချင်တယ်။ သွေးကင်ဆာရောဂါ သတ်မှတ်ရုံတင်မကဘဲ
အမျိုးအစားခွဲဖို့၊ ရန်ပုံငွေဖွဲ့ဖို့လိုလာတယ်ဆိုပြီး ဖွဲ့လိုက်တာပါ'' ဟု ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံ
သွေးကင်ဆာဌာနတာဝန်ခံဆရာဝန်ကြီး ဒေါ်ရီရီကျော်က ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်က ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံသို့လာရောက်ကုသသည့် သွေးကင်ဆာလူနာ
၃ဝ ဦးသာရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ်တွင် လူနာ ၈ဝ ဦးအထိ ရှိလာခဲ့သည်။ ကလေးတစ်ယောက်
သွေးကင်ဆာဖြစ်ပါက သွေးကင်ဆာအမျိုးအစား လေးမျိုးခွဲရကြောင်း၊ ပြင်ပဓာတ်ခွဲခန်းများတွင်အမျိုး
အစားခွဲပါက တစ်မျိုးကျပ် ၄ဝ,ဝဝဝ နှုန်းဖြင့် ကျပ် ၁၆ဝ,ဝဝဝ ခန့်ကုန်ကျကြောင်း ၄င်းက ပြောသည်။

''ကလေးတိုင်းက မတတ်နိုင်တော့ အမျိုးအစားမခွဲနိုင်ဘူး။ ဒီအတိုင်း သွေးကင်ဆာအဖြစ်နဲ့ပဲ သတ်
မှတ်ပြီး ကုနေကြရတယ်'' ဟု ၄င်းက ပြောသည်။

နောက်ပိုင်းတွင် သွေးကင်ဆာအမျိုးအစားခွဲခြားခြင်းနှင့်ပတ်သက်၍ အစိုးရက ထောက်ပံ့လာပါက
ရန်ပုံငွေအဖွဲ့အနေဖြင့် ကုသမှုအပိုင်းကို ဦးတည်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကုသမှုပိုင်းတွင်လို
အပ်သောဆေးဝါးများကို အစိုးရထောက်ပံ့လာပါက ရန်ပုံငွေအဖွဲ့က သွေးကင်ဆာကလေးများ
အတွက် လမ်းစရိတ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ကျွန်မတို့ဆီကို ဆေးလာကုတဲ့ ကလေးတွေက အဝေးကြီးကလာကြတော့ လမ်းစရိတ်အခက်
အခဲရှိတယ်။ ကုသရမယ်ဆိုတာသိပေမဲ့လို့ လမ်းစရိတ်မတတ်နိုင်တော့ မလာနိုင်တဲ့သူတွေအများ
ကြီးရှိပါတယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာ လမ်းစရိတ်မတတ်နိုင်လို့ မလာတဲ့ကလေးတွေက ၂ဝ ရာခိုင်နှုန်း
ရှိပါတယ်''ဟု တာဝန်ခံဆရာဝန်ကြီး ဒေါ်ရီရီကျော်က ပြောသည်။

ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံသို့ရောက်ရှိလာသည့် သွေးကင်ဆာဖြစ်ပွားနေသော ကလေးများ၏
၉ဝ ရာခိုင်နှုန်းသည် မတတ်နိုင်သူများဖြစ်သဖြင့် ရန်ပုံငွေအဖွဲ့အနေဖြင့်သွေးကင်ဆာ ကလေးငယ်
များအားလုံးကို အခမဲ့အမျိုးအစားခွဲနိုင်အောင် ရည်ရွယ်ထားကြောင်း ၄င်းက ပြောသည်။

''သွေးကင်ဆာက အနည်းဆုံးနှစ်နှစ်ခွဲလောက်ကုရတဲ့အတွက် ကုန်ကျစရိတ်က တော်တော်များ
တယ်။ ကင်ဆာဆေးဖိုးတင် မကဘူး။ နောက်က ပံ့ပိုးပေးရတဲ့ ဆေးဖိုးတွေကလည်း အများကြီး
ရှိပါတယ်''ဟု ၄င်းက ရှင်းပြသည်။

သွေးကင်ဆာကလေးငယ်များ ကူညီရေးရန်ပုံငွေအဖွဲ့သို့ လှူ ဒါန်းလိုပါက ခုတင် ၃ဝဝ ဆံ့ ဆေးရုံ၊
သွေးကင်ဆာဌာနသို့ လာရောက် လှူ ဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး