မန္တလေးပရဟိတအဖွဲ့များ စုပေါင်း၍ အရေပြားရောဂါသည်များကို သွားရောက်လှူ ဒါန်းမည်

မန္တလေးပရဟိတအဖွဲ့များ စုပေါင်း၍ အရေပြားရောဂါသည်များကို သွားရောက်လှူ ဒါန်းမည်

မန္တလေးမြို့မှ ပရဟိတအဖွဲ့များစုပေါင်းကာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာ
အုပ်စု၊ နံ့သာမြိုင်ကျေးရွာရှိ အရေပြားရောဂါဝေဒနာ ခံစားနေရသူများကို သွားရောက်လှူ ဒါန်းမည်
ဖြစ်ရာ ပါဝင်လှူ ဒါန်းလိုသူများဆက်သွယ်နိုင်ကြောင်း ရွှေဥယျာဉ်လူရိုင်းလေးများ ပရဟိတအဖွဲ့မှ
တာဝန်ခံဦးမြင့်အောင်က ပြောသည်။

အဆိုပါကျေးရွာရှိ အရေပြားရောဂါသည် ဘိုးဘွား ၁၅ဝ ကို အာဟာရဒါနကျွေးမွေးကာ ရေနံ့သာ
ဆေးရုံတွင် ဆေးပဒေသာပင်စိုက်ထူခြင်း၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လှူ ဒါန်း
ခြင်းကို လာမည့် မတ် ၂၇ ရက်တွင် ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက်လုပ်ဆောင်မည်ဖြစ်
ကြောင်း ၄င်းက ပြောသည်။

''လက်ရှိမှာ ပရဟိတအဖွဲ့ငါးဖွဲ့လောက် စုစည်းထားပါတယ်။ ဘိုးဘွားတွေအတွက် ဟင်းသုံးမျိုးနဲ့
ထမင်းတစ်နပ်စာအတွက် တစ်ဦးကို ကျပ် ၂,၅ဝဝ လှူ သွားမှာပါ။ ဆေးရုံမှာလည်း ဆေးဝါး၊ ရေ
သန့်စတဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ နောက်နှစ်တွေမှာလည်း မပြတ်ဆက်လှူ နိုင်ဖို့ စီစဉ်နေပါ
တယ်''ဟု ဦးမြင့်အောင်က ပြောသည်။

နံ့သာမြိုင်ကျေးရွာတွင် အရေပြားရောဂါဝေဒနာခံစားရသူများ၏ သားသမီးများ နေထိုင်သော စာသင်
ကျောင်းလည်းရှိရာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများလှူ နိုင်ကြောင်းနှင့် ဖုန်း ဝ၉ ၄၃၁၇ဝ၂၁၄၊ ဝ၉
၄၄ဝ၁၇၅၅၃၆ တို့သို့ ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်းပြောသည်။

''တကယ်တမ်းမှာ သူတို့ တောင့်တလိုချင်တာက သူတို့နဲ့ ရင်းရင်းနှီးနှီးနေတာမျိုး၊ သူတို့ကို ကပြ
ဖျော်ဖြေတာမျိုး၊ ထမင်းကျွေးတာမျိုး၊ ဒီလိုစိတ်အာဟာရကို ပိုတောင့်တကြတာပါ။ သွားလှူ တဲ့နေ့မှာ
ကျွန်တော်တို့အဖွဲ့က သူတို့ကိုဖျော်ဖြေဧည့်ခံကြဦးမယ်''ဟု ဦးမြင့်အောင်က ယခု လ ၂ဝ ရက်တွင်
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး