ဧရာဝတီလင်းပိုင်ကောင်ရေ ယခင်နှစ်ထက် ပိုမိုတွေ့ရှိ

ဧရာဝတီလင်းပိုင်ကောင်ရေ ယခင်နှစ်ထက် ပိုမိုတွေ့ရှိ

ယခုနှစ်အတွက် ဧရာဝတီလင်းပိုင်စစ်တမ်းကောက်ယူရာတွင် ဧရာဝတီမြစ်အတွင်းရှိ လင်းပိုင်
အရေအတွက်မှာ ယခင်နှစ်ထက် ပိုတိုးလာသည်ကိုတွေ့ရကြောင်း စစ်တမ်းကောက်ယူရာတွင်
ပါဝင်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ခံ ဦးဟန်ဝင်းက ယခုလ ၁၆ ရက်
တွင် ပြောသည်။

ဧရာဝတီလင်းပိုင်စစ်တမ်းကို ယခုလ ၆ ရက်ကစတင်ပြီး ၁ ရက်အထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊
ကချင်ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေး
အဖွဲ့တို့မှ ၁ဝ ရက်ကြာ စစ်တမ်းကောက်ယူရာတွင် ဧရာဝတီလင်းပိုင် အကောင်အရေအတွက် ၆၉
ကောင်မှ ရ၃ ကောင်ကြားရှိသည်ကို တွေ့ရှိခဲ့သည်ဟု ၄င်းက ပြောသည်။

''မနှစ်ကထက်စာရင် ဒီနှစ်မှာ ဧရာဝတီလင်းပိုင်အကောင်အရေအတွက်က ပိုးတိုးလာတယ်။
အကောင်အသစ်တွေတွေ့ရှိလာသလို ရှိနေတဲ့အကောင်တွေ သေဆုံးမှုတွေဖြစ်မလာဖို့အတွက်
လည်း ဒေသခံရွာသားတွေကို ပညာပေးလုပ်ငန်းတွေ ပေးရဦးမှာပါ''ဟု ဦးဟန်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက ဧရာဝတီလင်းပိုင်စစ်တမ်းကောက်ယူချိန်တွင် ၆၅ကောင်
တွေ့ရှိခဲ့သော်လည်း အဆိုပါစစ်တမ်းကောက်ယူပြီးသည့် နောက်ပိုင်းတွင် ဧရာဝတီလင်းပိုင်များ
ကျက်စားရာနေရာများတွင် တရားမဝင် ငါးခိုးဖမ်းသည့်အဖွဲ့များကြောင့် ဧရာဝတီလင်းပိုင်များ သေ
ဆုံးမှုများလည်းရှိခဲ့သည်။

''မနှစ်က တရားမဝင် ငါးခိုးဖမ်းတဲ့လူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ သေဆုံးမှုတွေရှိခဲ့တယ်။
တကယ်လို့သာ အဲဒီအကောင်တွေမသေခဲ့ရင် အကောင်အရေအတွက်က ဒီနှစ်ထက်ပိုများလာ
မယ်။ လင်းပိုင်အကောင်အသစ်တွေ ဒီထက်ပိုပြီးတိုးလာဖို့အတွက် စီမံချက်တွေကို သေချာလုပ်
ဆောင်ရမှာပါ''ဟု မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် စစ်တမ်းကောက်ယူရာတွင် တွေ့ရှိထားသည့် ဧရာဝတီလင်းပိုင်များကို မင်းကွန်းကျေးရွာမှ
ဗန်းမော်မြို့အကြားတွင် တွေ့ရှိထားခြင်းဖြစ်ပြီး ဧရာဝတီလင်းပိုင် စောင့်ရှောက်ရေးလုပ်ငန်းများကို
မကြာခင်အချိန်တွင် ဒေသခံရဲတပ်ဖွဲ့များနှင့်ပါ မြစ်အတွင်းကင်းလှည့်ခြင်းများ လုပ်ဆောင်မည်ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူ းဦးလှဝင်းက ပြောသည်။

မျိုးတုံးလုနီး မျိုးစိတ်တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို
ငါးလုပ်ငန်းဦးစီးဌာနမှ အဓိကလုပ်ဆောင်နေသည့်အပြင် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ရန်
အတွက် လင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်းများကိုလည်း ထပ်မံတိုးချဲ့ လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့်
ပြီးခဲ့သည့်နှစ်အတွင်းက လင်းပိုင်အခြေပြုခရီးစဉ်အတွင်း၌ ရိုးရာဓလေ့လုပ်ငန်းများရှိသည့် ကျေးရွာ
ငါးရွာကိုထည့်သွင်းထားခဲ့ကြောင်း ဦးလှဝင်းထံမှ သိရသည်။

''သက်ဆိုင်ရာဌာနတွေဘက်ကနေ လင်းပိုင်တွေနဲ့ပတ်သက်ပြီး လင်းပိုင်ကြည့်ခရီးစဉ်တွေ တိုးချဲ့
ဖော်ဆောင်ပေးတဲ့အတွက် ခရီးစဉ်အတွင်းမှာပါဝင်နေတဲ့ ဒေသခံတွေအတွက် ဝင်ငွေတွေတိုးလာ
တယ်။ အဲဒီလိုပဲ အဲဒီရွာတွေက ဒေသခံတွေကလည်း လင်းပိုင်တွေကြောင့် သူတို့တွေ ဝင်ငွေတွေ
တိုးလာတဲ့အတွက် လင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးကြတော့ နှစ်ဖက်
စလုံး အဆင်ပြေပါတယ်'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှာက်ရေးနှင့် အကျိုးတူငါးဖမ်းရေ
လုပ်သားအဖွဲ့ခေါင်းဆောင် ဦးမောင်လေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး