လက်ရှိတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင်
လိုအပ်ချက်၏ ရဝ ရာခိုင်နှုန်းခန့်ကိုသာ ပေးဝေ ဖြန့်ဖြူးပေးဝေနိုင်ပြီး ပြည်ကြီးတံခွန်မြို့နယ်တွင်
လိုအပ်ချက်၏ ငါးရာခိုင်နှုန်းခန့်ကိုသာ ဖြန့်ဖြူးပေးဝေးနိုင်သေး...
မန္တလေးမြို့အတွက် သန့်ရှင်းသောသောက်သုံးရေနှင့်သုံးစွဲရေကို လက်ရှိတွင်လုံလောက်စွာဖြန့်ဖြူး
ပေးနိုင်ခြင်းမရှိသော်လည်း ၂ဝ၂ဝ ပြည့်နှစ်တွင် လိုအပ်ချက် ရာနှုန်းပြည့်ဖြန့်ဖြူးပေးဝေနိုင်ရန်
ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှု
ဌာနမှ တာဝန်ရှိသူက ပြောသည်။
ယခုလက်ရှိတွင် မန္တလေးမြို့၏ အချက်အချာကျသည့်မြို့နယ်များဖြစ်သည့် အောင်မြေသာစံမြို့နယ်၊
ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်တို့အတွက်ကိုပင် လိုအပ်ချက်
၏ ရဝ ရာခိုင်နှုန်းခန့်ကိုသာ ပေးဝေဖြန့်ဖြူးပေးဝေနိုင်ပြီး ပြည်ကြီးတံခွန်မြို့နယ်တွင် လိုအပ်ချက်၏
ငါးရာခိုင်နှုန်းခန့်ကိုသာ ဖြန့်ဖြူးပေးဝေးနိုင်သေးကြောင်း၊ အမရပူရမြို့နယ်အတွက် ပြင်သစ်ဖွံ့ဖြိုးရေး
အေဂျင်စီ၏အကူအညီဖြင့် ရေဖြန့်ဖြူးပေးဝေနိုင်ရန် မြေအောက်ရေစမ်းသပ်မှုများ လုပ်ဆောင်နေ
ကြောင်း ရေနှင့်သန့်ရှင်းမှုဌာနမှ ဌာနမှူ းဒေါ်ခင်မေဌေးက ဆိုသည်။
''အခုလက်ရှိမှာ မြို့ရဲ့ အချက်အချာကျတဲ့ မြို့နယ်လေးမြို့နယ်အတွက် ရဝ ရာခိုင်နှုန်းပေးနိုင်သေး
တယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာတော့ မန္တလေးတစ်မြို့လုံး လုံလောက်တဲ့ ရေပေးဝေနိုင်ဖို့ ရေပေးဝေရေး
တိုးတက်ကောင်းမွန်လာစေရေးအတွက် ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်
နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ဆီက ချေးငွေရယူပြီး၊ စက်ရေတွင်း
တွေတူးဖို့ လိုအပ်တဲ့နေရာတွေမှာ တူးဖော်တယ်။ ရေတွန်းစက်တွေလုပ်ဖို့၊ မြေအောက်ရေပိုက်
လိုင်းချဖို့ လိုအပ်တဲ့နေရာတွေမှာ ပိုက်လိုင်းတွေချနေတယ်'' ဟု ဒေါ်ခင်မေဌေးက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ် တောင်ပိုင်းနှင့် အမရပူရမြို့နယ်များတွင် ရေတွန်းစက်ရုံနှင့် မြေအောက်ရေ
ပေးဝေဖြန့်ဖြူးပေးနိုင်ရန် ရေပိုက်လိုင်းများလုပ်ဆောင်နေပြီ ဖြစ်သည်။ မန္တလေးမြို့အတွက် ရေပေး
ဝေရေးစီမံကိန်း စတင်ရေးဆွဲစဉ်အချိန်က စတုရန်းမိုင် ၂၅ မိုင်အတွက်သာ ရေးဆွဲခဲ့သော်လည်း
ယခုလက်ရှိအချိန် မြို့အနေအထားအရ ၆၅ စတုရန်းမိုင်ခန့်ထိ ရေတွန်းစက်ရုံ ၄၉ ရုံမှ ရေတွန်းပြီး
ဖြန့်ဖြူးပေးဝေနေရကြောင်း၊ ပင်မရေပို့ပိုက်လိုင်းမှာ ၃ဝ ဒသမ ၆ ကီလိုမီတာ ရှိပြီး ရေဖြန့်ဖြူးပေး
ဝေနေသည့် မြေအောက်ပိုက်လိုင်းမှာ ၃၆၃ ဒသမ ၉၃ ကီလိုမီတာရှိကြာင်း ရေနှင့်သန့်ရှင်းမှုဌာန
၏ ရေဖြန့်ဖြူးရေးဌာနခွဲမှ သိရသည်။
''လုံလောက်တဲ့ ရေဖြန့်ဖြူးပေးနိုင်ဖို့ ရေတွန်းစက်ရုံတွေ ဆက်ပြီးတူးနေပါတယ်။ လိုအပ်တဲ့ မြေ
အောက်ရေပိုက်လိုင်းတွေကိုလည်း ဆက်တိုက်ချနေတယ်။ ပြည်ကြီးတံခွန်မှာ လိုအပ်နေတဲ့ ရေ
ဖြန့်ဖြူးပေးဝေနိုင်ဖို့ အားချင်းဆောင်ရွက်နေပါတယ်''ဟု ရေ ဖြန့်ဖြူးရေးဌာန၊ ဌာနခွဲမှူ းဦးခင်မောင်
သင်း က မြန်မာတိုင်း(မ်) ကို ပြောသည်။
မန္တလေးမြို့ ရေပေးဝေရေး စီမံကိန်းကို ၁၉၈၃ ခုနှစ်မှ စတင်တင်ကာ အကောင်အထည်ဖော်ခဲ့ပြီး
၁၉၉၂ ခုနှစ်မှ စတင်၍ ရေမီတာအလုံးပေါင်း ၃ဝ,ဝဝဝ ကျော်အား ရေဖြန့်ဖြူးပေးဝေခဲ့ရပြီး ယခု
လက်ရှိတွင် စက်ရေတွင်းပေါင်း ၄၉ တွင်း ၊ ရေတွန်းစက်ရုံ ၁၃ ရုံဖြင့် ရေမီတာ ၉၅,ဝဝဝ ကျော်ထိ
ရေဖြန့်ဖြူးပေးဝေနေရကြောင်း ရေနှင့်သန့်ရှင်းမှုဌာနစာရင်းများအရ သိရသည်။
ရေသုံးစွဲသူပြည်သူများက ရေမီတာအိမ်သုံး တစ်ယူနစ်အတွက် ၈၅ ကျပ်၊ စီးပွားရေးလုပ်ငန်းသုံး
ရေမီတာတစ်ယူနစ်အတွက် ကျပ် ၁၁ဝ ကို မြို့တော်စည်ပင်သာယာသို့ ပေးဆောင်ရသည်။ မန္တလေး
မြို့တစ်မြို့လုံးတွင် တရားဝင်အဝီစိတွင်းပေါင်း ၃ဝ,ဝဝဝ နီးပါးအထိရှိသည်။
















