မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက် အရောင်းအဝယ် တည်ငြိမ်မှုရှိ

မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက် အရောင်းအဝယ် တည်ငြိမ်မှုရှိ

မြန်မာ့ရွှေစျေးနှုန်းမှာ ပြီးခဲ့သောဖေဖော်ဝါရီ ၂၇ ရက်တွင် ယခင်က မရောက်ရှိခဲ့ဖူးသောစျေးနှုန်း
အဖြစ် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉ဝ၂,ဝဝဝ အထိ စံချိန်တင်ရောက်ရှိခဲ့သော်လည်း
အရောင်းအဝယ်မှာ တည်ငြိမ်မှုရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့ က ပြောသည်။

မြန်မာ့ရွှေစျေးနှုန်းမှာ ပြီးခဲ့သော ဖေဖော်ဝါရီ ၉ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုး
သိန်းအထိရောက်ရှိခဲ့ ရာမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျပ် ၈၈၈,၄ဝဝ သို့ပြန်လည်ကျဆင်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ရွှေထည်လက်ဝတ် ရတနာပေါ်တွင်
အခွန်တစ်ရာခိုင်နှုန်းကောက်ခံရန်သတ်မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ ၂ဝ
ရက်ကသဘောတူပြီးနောက် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းကိုကျော်လွန်
သွားခဲ့ပြီး ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလဆန်းတွင် စံချိန်တင်ရောက်ရှိခဲ့သော ကျပ်
၉ဝ၃,၅ဝဝ နှင့် နီးကပ်လာခဲ့သည်။

''ရွှေစျေးတက်ပေမဲ့ အရောင်းပိုင်းမှာရော၊ အဝယ်ပိုင်းမှာပါ အရင်ကထက် ထူးထူးခြားခြားအတက်
အကျမရှိဘဲ တည်ငြိမ်မှုရှိပါတယ်။ ရွှေထည်အတွက် အခွန်တစ်ရာခိုင်နှုန်း သတ်မှတ်ချက်ကတော့
မျှတပါတယ်။ မြန်မာ့ရွှေစျေးက ကမ္ဘာ့ရွှေစျေးအပြောင်းအလဲ၊ ငွေစျေးအပြောင်းအလဲတွေနဲ့လည်း
ဆက်စပ်နေလို့ ရှေ့အလားအလာကို ယတိပြတ်ပြောဖို့က ခက်တယ်''ဟု အောင်သမာဓိရွှေဆိုင်မှ
ဦးအောင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။

ကမ္ဘာ့ရွှေစျေးမှာ လေးပတ်ဆက်တိုက်တက်ခဲ့ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ကျပ်
၁,၁၄ဝ မှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁,၂၂၆ ကျပ်နှင့် ဖေဖော်ဝါရီ ၂၇ ရက် ၁,၂၅၄ ကျပ်အထိ စျေး
ရှိနေသည်။ ကမ္ဘာတွင်ဖြစ်သော ရွှေစျေးနှုန်းအပြောင်းအလဲကို မြန်မာ့ရွှေစျေးက မလှန်နိုင်ကြောင်း၊
သို့ရာတွင် ကမ္ဘာ့ရွှေစျေးတက်လျှင် ပြည်တွင်းရွှေစျေးမှာ ပိုတက်တတ်ပြီး ကမ္ဘာ့ရွှေစျေးကျဆင်းလျှင်မူ
မြန်မာ့ရွှေစျေးနှုန်းမှာ ဖြည်းဖြည်းချင်းသာစျေးကျဆင်းတတ်ကြောင်း ဦးအောင်က ပြောသည်။

ရွှေစျေးမှာ ကျဆင်းသည်ဆိုရာတွင် လည်း နောက်ပိုင်းတွင် စံချိန်တင်ရောက်ထားသော စျေးနှုန်းကို
ပြန်န်ကျော်တတ်ကြောင်းပြောသည်။ မန္တလေးမြို့မှ ရွှေအရောင်းအဝယ်လုပ်သူ ဦးဝင်းက ရွှေတုံး
အရောင်းအဝယ်တွင်လည်း အရောင်းအဝယ် အတက်အကျမများကြောင်း၊ သို့ရာတွင်လူအများစုမှာ
လတ်တလော၌ ရွှေထက် ကားစျေးကွက်ကို အာရုံပိုများနေကြောင်း ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး