လယ်ယာမြေအရေး တရားစွဲခံရသည့် တောင်သူများအမှု ရုပ်သိမ်းပေးရန် တင်ပြမည်

လယ်ယာမြေအရေး တရားစွဲခံရသည့် တောင်သူများအမှု ရုပ်သိမ်းပေးရန် တင်ပြမည်

မန္တလေးတိုင်းဒေသကြီးရှိ သိမ်းဆည်းခံ လယ်ယာမြေအရေးကိစ္စများနှင့်ပတ်သက်ပြီး တရားစွဲဆိုခံ ထားရမှုများကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်
လုပ်ပိုင်ခွင့်ချထားပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဟု တောင်သူများနှင့်
တောင်သူများအရေး လိုက်ပါဆောင်ရွက်သူများက ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသည့် လယ်ယာမြေပြဿနာများနှင့်ပတ်သက်ပြီး တောင်
သူများကိုတွေ့ဆုံရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ကမ်းလှမ်းထားကြောင်း၊ သိမ်းဆည်းလယ်
ယာမြေများ ပြန်လည်ရရှိရန်အတွက် တောင်သူများစုပေါင်းပြီး ကော်မတီတစ်ရပ်ဖွဲ့ထားပြီးဖြစ်ကာ
ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်
ကြောင်း ကော်မတီအဖွဲ့ဝင် မတ္တရာမြို့မှ မြေသိမ်းခံတောင်သူ ဦးရဲရင့်အောင်က ပြောသည်။

''ကျွန်တော်တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ်ယာမြေပြဿနာတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ
ညှိနှိုင်းဖို့ ကမ်းလှမ်းထားပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်နေ့တွေ့မယ်ဆိုတာတော့အကြောင်း
မပြန်ရသေးပါဘူး။ ကျွန်တော်တို့ တောင်သူတွေ အစည်းအဝေးလုပ်ပါမယ်။ အဲဒီက ထွက်လာမယ့်
အချက်အလက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားပါမယ်။ အဓိကတော့ လက်ရှိ
တောင်သူတွေကို တရားစွဲဆိုထားတဲ့ပုဒ်မတွေ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ လယ်ယာမြေတွေကို ပြန် လည်လုပ်ကိုင်ခွင့်ပြုဖို့ တောင်းဆိုသွားပါမယ်''ဟု ဦးရဲရင့်အောင်က ပြောသည်။

သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေသိမ်းဆည်း
ခံတောင်သူများစုပေါင်းကာ ကော်မတီတစ်ရပ်ကို ဇန်နဝါရီလအတွင်းကဖွဲ့စည်းထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ပြင်ဦးလွင်၊ ကျောက်ဆည်၊ မတ္တရာ၊ စဥ့်ကူး စသည့်မြို့နယ် ၁၈ မြို့နယ်က
လယ်သိမ်းခံတောင်သူ အင်အား ၃ဝဝ ကျော်ခန့်က စန္ဒာမုနိဘုရားအနောက်ဘက်တွင် မတရား
ပုဒ်မများတပ်၍ ဖမ်းဆီးခံထားရသည့်တောင်သူများ ပြန်လည်လွှတ်ပေးရန်နှင့် လယ်ယာမြေများ
ပြန်လည်လုပ်ကိုင်ခွင့်ရရန် ဆန္ဒဖော်ထုတ်ခဲ့သည်။

''ကျွန်တော်တို့ စာရင်းလုပ်ထားတာအရဆိုရင် တောင်သူတွေကို တရားစွဲဆိုထားတဲ့အမှုပေါင်းက
၃ဝဝ ကျော်လောက်ရှိပါ တယ်''ဟု လယ်သမားအရေး လိုက်ပါဆောင်ရွက်နေသူ ဦးအေးသိန်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး