မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး၊ ခရီးသွားနှင့်ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ကျွမ်းကျင်လုပ်သား
လိုအပ်နေပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း ဖော်ဆောင်လာချိန်တွင် အလုပ်သမားစျေးကွက်
၌ မြန်မာအလုပ်သမားထု ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် လုပ်သားထုကျွမ်းကျင်မှုလုပ်ငန်းစဉ်များ လုပ်
ဆောင်ရန်လိုအပ်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က လွန်ခဲ့သော ရက်သတ္တပတ်က ပြောသည်။
''လိုအပ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနကဦးဆောင်ပြီး
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု 'စံ' သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards
Authority - NSSA) ကို ၂ဝဝ၇ မှာ စတင်ဖွဲ့စည်းခဲ့တယ်။ အလုပ်အကိုင် 'စံ' သတ်မှတ်ရေးနဲ့
လေ့ကျင့်ရေးကော်မတီဆိုပြီးတော့ ၁၅ ခု ဖွဲ့စည်းထားတယ်။ အဲဒီကော်မတီတွေမှာ သက်ဆိုင်ရာ
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူတွေ ပါပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာလုပ်သားများအတွက် ၂ဝ၁၃ ခုနှစ် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
ကိုအခြေခံ၍ အလုပ်သမားများ၏ အသိပညာမြှင့်တင့်ရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုမြှင့်တင့်ရေး
လုပ်ငန်းများကို NSSA အနေဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်
ရှိကြောင်း ထိုအဖွဲ့ကို ထောက်ပံ့ကူညီပေးနေသည့် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GIZ) မှ
အကြံပေး ဦးကိုနိုင်က ပြောသည်။
''ကျွန်တော်တို့မြန်မာနိုင်ငံက အလုပ်သမားတွေမှာ သူတို့လုပ်ငန်းခွင်အလိုက် ထိုက်သင့်သလောက်
ကျွမ်းကျင်မှုရှိကြပါတယ်။ ဒါပေမဲ့ ပြဿ နာက အသိအမှတ်ပြုလက်မှတ်တွေ မရှိကြပါဘူး။ နိုင်ငံခြား
ရင်းနှီးမှုတွေ ဝင်လာတဲ့အခါ သူတို့က အသိအမှတ်ပြုလုပ်မှတ်တွေ တောင်းပါတယ်။ တချို့ကလည်း
ကျွမ်းကျင်မှုရှိလာတယ်ဆိုရင် ပြောင်းရွှေ့လုပ်ကိုင်ကြတာတွေရှိတယ်။ အဲဒီတော့ ပြည်တွင်းမှာက
ကျွမ်းကျင်အလုပ်သမားရှားပါးမှုက ပြဿ နာတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ဒါကလည်း ရေ
ရှည်စီမံချက်ချဆောင်ရွက်ရမယ့်ကိစ္စမျိုးပါ''ဟု ဦးကိုနိုင်က ပြောသည်။
မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် ရန်ပုံငွေ
တစ်ရပ်တည်ထောင်ထားရန် လိုအပ်သဖြင့် နိုင်ငံတော်ဘတ်ဂျက်၏ ထိုက်သင့်သည့်ပမာဏကို
မတည်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။















