မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းဆင်တိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အိမ်ငှားနေ
ထိုင်သူတစ်ဦး၏ ခုတင်အောက်၌ ပီနံအိတ်ဖြင့်ထည့်ထားသော တိပ်ပတ်ထားသည့် လူသေ
အလောင်းတစ်လောင်းကို ဖေဖော်ဝါရီ ၂၄ ရက်ကတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲ
တပ်ဖွဲ့မှူ းရုံးမှ သိရသည်။
အိမ်ငှားနေထိုင်သူမှာ ပြင်စလူမြို့နယ်၊ ကိုင်းသောင်ရွာမှ အသက် ၂၁ နှစ်အရွယ်ရှိ ဝေဖြိုးမောင်
ဆိုသူဖြစ်ပြီး သေဆုံးသူမှာ ဖားကန့်မြို့ နယ်၊ စိုင်းတောင်ရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ အိမ်သူ
မောင်ဆိုသူဖြစ်ကြောင်း၊ ပုပ်ပွနေသောအလောင်းကို ပီနံအိတ်ဖြင့်စွပ်ကာ တိပ်များပတ်နေစဉ်
အိမ်သူမောင်၏ဦးလေးဖြစ်သူ ဦးဇော်မျိုးနိုင်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ
ထားသည်။
၄င်းတို့နှစ်ဦးမှာ လွန်ခဲ့သောနှစ်နှစ်ခန့်မှစ၍ စိုင်းတောင်ရွာတွင် ခင်မင်ရင်းနှီးခဲ့ကြကြောင်း၊ ၂ဝ၁၆
ခုနှစ၊် အောက်တိုဘာလအတွင်းက အိမ်သူမောင်သည် ရတနာပုံတက္ကသိုလ်တွင် အဝေးသင်
ပထမနှစ်လာရောက်တက်စဉ်က ဝေဖြိုးမောင်နှင့်အတူ နှစ်လခန့်လာရောက်နေထိုင်ဖူးကြောင်း၊
စာမေးပွဲဖြေဆိုပြီးချိန်တွင် ချမ်းအေးသာစံမြို့နယ် ကိုးလုံးတကာရပ်ကွက်ရှိ ဦးလေးဖြစ်သူနေအိမ်သို့
ပြောင်းရွှေ့သွားသော်လည်း ဝေဖြိုးမောင်၏အခန်းသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိကြောင်း
သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်က အိမ်သူမောင်သည် ဝေဖြိုးမောင်၏အခန်းသို့ လာရောက်ညအိပ်ခဲ့ပြီး
ဖေဖော်ဝါရီ ၂၂ ရက် ည ၆ နာရီအချိန်ခန့် တွင် ၄င်းတို့နှစ်ဦးနှင့်အတူ အခြားသူငယ်ချင်းဖြစ်သည့်
စိုင်းထွန်းထွန်းဦးတို့သည် ခုတင်ပေါ်တွင် အတူစကားပြောနေခဲ့ကြသည်။ ထိုသို့စကားပြောနေစဉ်
အိမ်သူမောင်က ၄င်း၏ခြေထောက်များအား ကြိုးချည်ထားပါက ရအောင်ဖြေနိုင်ကြောင်း၊ ၄င်းအား
ချုပ်ထားပါကလည်း ရုန်းထွက်နိုင်ကြောင်းပြောသဖြင့် ဝေဖြိုးမောင်က အိမ်သူမောင်၏လည်ပင်းကို
နောက်မှသိုင်းချုပ်ကာ စိုင်းထွန်းထွန်းဦးက ခြေထောက်နှစ်ဖက်ကို တိပ်ဖြင့်ပတ်ကာ ချည်နှောင်ခဲ့
သည်။ အိမ်သူမောင်က ချုပ်နှောင်ထားမှုများကို အားစိုက်ရုန်းထွက်ရာ အိပ်ခန်းနံရံနှင့် ဦးခေါင်း
နောက်စေ့ဆောင့်မိသဖြင့် ခဏမျှငြိမ်သက်သွားရာ ဝေဖြိုးမောင် နှင့် စိုင်းထွန်းထွန်းဦးတို့က
ချုပ်ကိုင်ထားမှုများကို လွှတ်ပေးခဲ့ပြီး စောင့်ကြည့်သော်လည်း အိမ်သူမောင်မှာ ခန္ဓာကိုယ်လှုပ်ရှား
ခြင်းမရှိတော့ဘဲ အသက်ရှူရပ်၍ သေဆုံးသွားကြောင်း၊ ထိုသို့သေဆုံးသွားသဖြင့် ဦးခေါင်းကို
ပုဆိုးဖြင့်အုပ်ကာ အဖြူရောင်တိပ်ဖြင့်ပတ်ပြီး ခန္ဓာကိုယ်ကို စောင်ဖြင့်ပတ်ကာ ပီနံအိတ်ဖြင့်စွပ်၍
အိပ်ခန်းခုတင်အောက်၌ ဝှက်ထားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ဝေဖြိုးမောင်သည် အမရပူရ
မြို့နယ်၊ ရှမ်းလေးကျွန်းရွာရှိ သူငယ်ချင်းတစ်ဦး၏ နေအိမ်သို့သွားရောက်နေထိုင်ခဲ့ပြီး စိုင်းထွန်း
ထွန်းဦးသည် စစ်ကိုင်းမြို့နေ အမျိုးသမီးတစ်ဦးကိုခိုးယူကာ မန္တလေးမြို့ပေါ်ရှိ တည်းခိုခန်းတစ်ခုတွင်
တိမ်းရှောင် နေထိုင်ခဲ့ကြောင်း သိရသည်။
ဝေဖြိုးမောင်သည် စိုင်းထွန်းထွန်းဦးနှင့် အမျိုးသမီးတို့ကို ရေစကြိုမြို့သို့သွားရန် မန္တလေးဘူတာ
ကြီးသို့ပို့ဆောင်ခဲ့ပြီး နေအိမ်သို့ပြန်လာကာ ဝှက်ထားသော အလောင်းကိုဖွင့်ထုတ်ကြည့်စဉ်
အိမ်သူမောင်၏ ဦးလေးနှင့်ဇနီးတို့က တွေ့ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးလေးဖြစ်သူ ဦးဇော်မျိုးနိုင်သည် အိမ်သူမောင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် စိုင်းတောင်ရွာသို့
ပြန်မည်ဟု ပြောဆိုထွက်သွားသော်လည်း ရွာသို့ရောက်ရှိခြင်းမရှိကြောင်းသိရသဖြင့် ဖေဖော်ဝါရီ
၂၄ ရက်တွင် ၄င်း၏သူငယ်ချင်းနေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုရာမှ ဝေဖြိုးမောင်သည်
သေဆုံးပုပ်ပွနေသည့် လူသေအလောင်းကို ပီနံအိတ်ဖြင့်စွပ်၍ တိပ်များပတ်နေသည်ကို တွေ့ရှိခဲ့
ခြင်းဖြစ်သည်။
အိမ်သူမောင်၏ အလောင်းကို ရဲဆေးစာနှင့်အတူ မန္တလေးဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ ပဏာမရင်ခွဲ
စစ်ဆေးချက်အရ အိမ်သူမောင်၏ ဦးခေါင်းပြင်ပတွင် သွေးချေဥဒဏ်ရာများတွေ့ရပြီး ဦးနှောက်တွင်း
သွေးယိုစီးမှုဖြစ်ကာ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။ အိမ်သူမောင်၏ဦးလေး ဦးဇော်မျိုး
ထွန်းက တိုင်တန်းသဖြင့် ဝေဖြိုးမောင်ကို အမှတ်(၇) နယ်မြေရဲစခန်းတွင် (ပ)၆၅/၂ဝ၁၇၊ ရာဇ
သတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရေစကြိုသို့ ထွက်ပြေးတိမ်းရှောင်သည့် စိုင်းထွန်းထွန်းဦးကိုလည်း ရထားရဲတပ်ဖွဲ့နှင့် ချိတ်ဆက်
ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နှင့် ရေစကြိုမြို့အကြားတွင် ရထားပေါ်၌လုံခြံု ရေးလိုက်ပါလာသည့် ရဲ
တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ရေစကြိုရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။















