ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ
အတွက် ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးနိုင်သည့်စင်တာ
တည်ဆောက်နေမှုမှာ မတ်လတွင်ပြီးစီးမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်
ရွက်ရေးအေဂျင်စီ (JICA) က ပုဂံဒေသခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး လက်ထောက်စီမံချက်တာဝန်ခံ
ဒေါ်ယုယုလင်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြောသည်။
''စင်တာကို ဒီလဆန်းပိုင်းထဲက စတင်တည်ဆောက်နေတာပါ။ ကျောင်းအဟောင်းကိုပဲ ပြန်လည်
ပြင်ဆင်ပြီး တည်ဆောက်တာဖြစ်တဲ့အတွက် မတ်လထဲမှာပဲပြီးစီးမှာဖြစ်ပါတယ်။ အချက်အလက်
စင်တာတည်ဆောက်ပြီးရင် ပုဂံကိုလာရောက်တဲ့ ခရီးသွားတွေ လိုအပ်တဲ့အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ ပေးသွားနိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါ်ယုယုလင်းက ပြောသည်။
အဆိုပါစင်တာတည်နေရာမှာ ပုဂံမြို့ ဟောင်း ရွှေနန်းတော်ဟိုတယ်အနောက်ဘက်ရှိ မူလတန်း
ကျောင်းနေရာတွင်ဖြစ်ပြီး အဆိုပါစင်တာတည်ဆောက်ရေးလုပ်ငန်းများ၊ နည်းပညာပံ့ပိုးမှုများကို
JICA မှ တာဝန်ယူတည်ဆောက်ပေးခြင်းဖြစ်ပြီး စင်တာတည်ဆောက်မှုအတွက် အမေရိကန်
ဒေါ်လာတစ်သိန်းခွဲ ကုန်ကျမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
အဆိုပါစင်တာ တည်ဆောက်မှုများ အားလုံးပြီးစီးပါက JICA က မြန်မာနိုင်ငံအစိုးရသို့ ပြန်လည်
လွှဲပြောင်းပေးမည်ဖြစ်ပြီး အဆိုပါစင်တာကို တာဝန်ယူမည့် ဝန်ကြီးဌာနက စင်တာသို့လာရောက်
စုံစမ်းသည့် ခရီးသွားများအတွက် ဝန်ဆောင်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်
ကြောင်း သိရသည်။
''အခုထိတော့ ဒီစင်တာကို ဘယ်ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးရမလဲဆိုတာကိုတော့
လတ်တလောအချိန်အထိတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီစင်တာတည်ဆောက်ပြီးရင်တော့
တော်တော်လေး ကောင်းပါတယ်။ ခရီးသွားတွေအတွက် ဟိုတယ်တည်နေရာတွေအစ ဒီစင်တာ
မှာ ပဲ စုံစမ်းလို့ရသွားမှာပါ''ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူ း
ဦးသန်းထွဋ်ခိုင်က ပြောသည်။
အဆိုပါ အချက်အလက်စင်တာကို ယခင်က မြေနေရာရရှိပါက JICA ဘက်မှ အသစ်တည်ဆောက် လိုသော်လည်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အဆောက်အအုံအသစ်များ ထပ်တိုးရန်မသင့်
လျော်သောကြာင့် ကျောင်းဟောင်းတွင်သာ ပြန်လည်ပြုပြင်တည်ဆောက်ရန် အုပ်ချုပ်ရေးပိုင်းမှ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူ းက ပြောသည်။
















