မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ဖြစ်ပွားခဲ့သော
ယာဉ်တိုက်မှုများကြောင့် လူ ရဝဝ နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ
ဒုတပ်ဖွဲ့ခွဲ (မန္တလေး)မှ ဒုရဲမှူ းဦးကျော်ကျော်အောင်က ပြောသည်။
အဆိုပါယာဉ်တိုက်မှုများအတွင်း ယာဉ်မောင်းအပြစ်ကြောင့် ဖြစ်ပွားရခြင်းမှာ ၁,၉ဝဝ ကျော်အထိ
ရှိခဲ့ကာ လမ်းကူးသူပေါ့ဆမှုကြောင့် ၁၄၅ မှု၊ ယာဉ်ချို့ယွင်းမှုကြောင့် ရ၁ မှု၊ လမ်းချို့ယွင်းမှုကြောင့်
ခြောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူမှာ ၃,၄ဝဝ နီးပါးရှိခဲ့ကြောင်း ပြောသည်။
''ပြီးခဲ့တဲ့ ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေထဲမှာ ဧပြီလတွေမှာ
အများဆုံးဖြစ်ပွားထားတာကို တွေ့ရပါတယ်။ ကားမောင်းသူတွေကို အသက်ကယ် ခါးပတ်ပတ်ဖို့
ပညာပေးကာလပြီးလို့ စစ်ဆေးအရေးယူတာတွေလည်း စတင်နေပါတယ်။ အသက်ကယ်ခါးပတ်
ဟာ ၆ဝ ရာခိုင်နှုန်းလောက် လူ့အသက်ကို ကာကွယ်ပေးနိုင်ပါတယ်''ဟု ဦးကျော်ကျော်အောင်က
ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၁၉၈၉ ခုနှစ် အထိ မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ
၁၇၈,ဝဝဝ ကျော်သာရှိခဲ့သော်လည်း ၁၉၈၉ ခုနှစ်မှ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော
မော်တော်ယာဉ်စီးရေ ၉၇၅,ဝဝဝ ကျော်အထိများပြားလာခဲ့ပြီး မော်တော်ဆိုင်ကယ်စီးရေမှာ သိန်း
၅ဝ ခန့်ရှိနေသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ဖွဲ့စည်းပုံအင်အားမှာ ၅,၈၉ဝ ဦး ရှိကြောင်း ဦးကျော်
ကျော်အောင် က ပြောသည်။
















