မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်ချက်ရှိနေ

မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်ချက်ရှိနေ

မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သွေးလိုအပ်ချက်ရှိနေကြောင်း အမျိုးသား
သွေးလှူ ဘဏ်ရောဂါဗေဒဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မြမွန်က ဖေဖော်ဝါရီ ၂၈
ရက်တွင် ပြောသည်။

''ပြည်သူ့ဆေးရုံကြီးမှာ တစ်နှစ်ကိုသွေး ယူနှစ်ပေါင်း ၅ဝ,ဝဝဝ ကျော် သုံးစွဲနေပါတယ်။ စုပေါင်း
သွေးလှူ ဒါန်းမှုကနေ လာရောက်လှူ ဒါန်းတာတွေရှိသလို သွေးလှူ ဘဏ်ကနေ နယ်တွေကိုသွားပြီး
စုပေါင်းပြီး သွေးအလ·ခံဖို့ သွားတာတွေ ရှိပါတယ်။ အဲဒါတွေကနေရတဲ့ သွေးက ရဝ ရာခိုင်နှုန်း
ကျော်ကို ထောက်ပံ့ပေးနေပါတယ်''ဟု ၄င်းက ပြောသည်။ သွေးမလုံလောက်သဖြင့် လိုအပ်သည့်
၃ဝ ရာခိုင်နှုန်းကို အစားပေးစနစ်ဖြင့် ကျင့်သုံးနေရကြောင်း၊ အရေးပေါ်သွေးလိုအပ်ချက်ရှိသူများကို
သွေးလှူ ဘဏ်မှ ပေးထားရကြောင်း ဒေါက်တာခင်မြမွန်က ပြောသည်။

''ဆေးရုံကြီးမှာ သွေးမရလို့ ကုသမှုခက်ခဲတဲ့လူနာတွေ မရှိပါဘူး။ ၁ဝဝ ရာခိုင်နှုန်းကို ဖြည့်ဆည်း
ပေးဖို့ သွေးလှူ ရှင်တွေ အမြောက်အမြား လိုအပ်နေသေးပါတယ်''ဟု ၄င်းက ပြောသည်။ မန္တလေး
ပြည်သူ့ဆေးရုံကြီးသည် အထက်မြန်မာနိုင်ငံ၌ အကြီးဆုံးဆေးရုံဖြစ်သည့်အတွက် သွေးအသုံးပြုမှု
များပြားသည့်ဆေးရုံကြီးဖြစ်ကြောင်း၊ ဆေးရုံကြီးသို့ လာရောက်ကုသမှုများပြားသည့်အတွက်
သွေးလိုအပ်ချက်လည်း ပိုမိုလိုအပ်နေသေးကြောင်း ဒေါက်တာခင်မြမွန်က ပြောသည်။

''ပုံမှန်ကုသမှုတွေအပြင် ကျောက်ကပ်အစားထိုးမှုတွေ၊ နှလုံးခွဲစိတ်ကုသမှုတွေ၊ အခုဆိုရင်အသည်း
အစားထိုးကုသမှုတွေ စတင်တော့မှာဖြစ်တဲ့အတွက် သွေးအသုံးပြုမှု လိုအပ်ချက်တွေ ရှိနေဦးမှာပါ။
အဲဒီအတွက် သွေးအလှူ ရှင်တွေကို လာရောက်လှူ ဒါန်းဖို့ ဖိတ်ခေါ်ပါတယ်''ဟု ၄င်းက ပြောသည်။
အသက် ၁၈ ကနေ အသက် ၅၅ နှစ်အတွင်း ကျန်းမာသူတိုင်း သွေးလှူ ဒါန်းနိုင်ကြောင်း ၄င်းက
ပြောသည်။

''သူငယ်ချင်းတွေစုပြီး လာရောက်လှူ ဒါန်းတာပါ။ ပထမဆုံး သွေးလှူ ဒါန်းတာပါ။ အခုလိုလှူ ဒါန်း
ရလို့ ဝမ်းသာပါတယ်။ နောက်ထပ်လဲ လှူ ဒါန်းမှာပါ''ဟု မြန်မာဘရူဝါရီလီမိတက် ကရုဏာရှေးရှု
မြန်မာမှု၏ ၂ဝ ကြိမ်မြောက် စုပေါင်းသွေးလှူ ဒါန်းပွဲမှ သွေးအလှူ ရှင်တစ်ဦး ဖြစ်သူ မသင်းသင်းနွဲ့
က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး