တောင်းရမ်းစားသောက်သူများနှင့် ခိုင်းစေသူများကို မတ်လအတွင်း စတင် အရေးယူမည်

တောင်းရမ်းစားသောက်သူများနှင့် ခိုင်းစေသူများကို မတ်လအတွင်း စတင် အရေးယူမည်

မန္တလေးမြို့တော် သန့်ရှင်းသာယာလှပစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်
ခြောက်မြို့နယ်တွင် တောင်းရမ်းစားသောက်နေသူများနှင့် နောက်ကွယ်မှခိုင်းစေသူများကို မတ်လ
ပထမရက်သတ္တပတ်မှစတင်ပြီး ပူးပေါင်းအဖွဲ့များဖြင့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့မှ ရဲမှှူ းဦးငြိမ်းချမ်းအောင်က ဖေဖော်ဝါရီ
၂၈ ရက်တွင် ပြောကြားလိုက်သည်။

''အရင်တုန်းကတော့ အရေးယူမှုတွေရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကျတော့ နောက်ကွယ်ကနေ
ခိုင်းစေခဲ့သူတွေကို စုံစမ်းဖို့အားနည်းခဲ့တယ်။ အခုကနေစပြီး နောက်ကွယ်ကနေ ခိုင်းစေသူတွေကို စနစ်တကျ ဖော်ထုတ်အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။ လမ်းပေါ်တွေမှာ တောင်းရမ်းစား
သောက်နေသူကို နိုင်ငံခြားသားတွေ မြင်သွားရင်လည်း နိုင်ငံအတွက်မကောင်းဘူး။ တောင်းရမ်း
စားသောက်သူရှိနေတာက လည်း မြို့တော်လှပစေရေးမှာ ရုပ်ဆိုးနိုင်ပါတယ်''ဟု ရဲမှူ းဦးငြိမ်းချမ်း
အောင်က ဆိုသည်။

အဆိုပါ တောင်းရမ်းစားသောက်သူများကို ဖမ်းဆီးမည့်စီမံချက်တွင် စည်ပင်ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း
ဦးစီးဌာန၊ သန့်ရှင်းရေးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲတို့ပါဝင်ကြောင်းနှင့် တောင်းရမ်းစားသောက်သူ
ကလေးငယ်များနှင့်လူကြီးများကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်မည်ဖြစ်ပြီး နောက်ကွယ်မှ
ခိုင်းစေသူများကို စည်ပင်သာယာရေးဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ရဲမှူ းထံမှ သိရသည်။

''အဓိကလမ်းမတွေ၊ မီးပွိုင့်တွေမှာ ပူးပေါင်းအဖွဲတွေနဲ့ ဖမ်းဆီးသွားမှာဖြစ်ပါတယ်။ ကားလမ်းမ
ပေါ် ပန်းတက်ရောင်းတဲ့ ကလေးငယ်တွေကိုပါ ဖမ်းဆီးတာမျိုးတွေ လုပ်သွားမယ်။ သူတို့ ကား
လမ်းမပေါ်တက်ရောင်းတာ အရမ်းအန္တရာယ်များပါတယ်''ဟု ရဲမှူ းက ဆိုသည်။ တောင်းရမ်းစား
သောက်သူများကို ဖမ်းဆီးမည့်စီမံချက် မစတင်မီအချိန်တွင် တောင်းရမ်းစားသောက်သူများရှိရာ
နေရာများတွင် ပညာပေးမှုများကို သုံးလဆက်တိုက် လုပ်ဆောင်ထားကြောင်းနှင့် ယခုအခါတွင်
ပညာပေးကာလ ကုန်လွန်သွားပြီဖြစ်ကြောင်း လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။

''အဓိက အရေးကြီးတာက နောက်ကွယ်ကလူကို ဖမ်းဆီးတာမိဖို့ပါ။ နောက်ကွယ်က လူမိရင်
တောင်းရမ်းသူဆိုတာ မရှိတော့ပါဘူး။ မန္တလေးမြိုရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ၃၅ လမ်း ခုံးကျော်
အောက်ဆိုရင် တောင်းခိုင်းတဲ့လူတွေက ပေါ်ပေါ်ထင်ထင်ကို ထိုင်နေတာတွေ့လိမ့်မယ်။ ငါးနှစ်သား
တောင်မရှိသေးတဲ့ကလေးတွေကို တောင်းခိုင်းနေတာ အများကြီးပဲ။ အဲဒီလိုလူတွေကို ထိထိ
ရောက်ရောက် အရေးယူသင့်တယ်''ဟု မန္တလေးမြို့ခံ ဦးသန်းလှိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး