ပုဂံယဉ်ကျေးမှုဇုန်အတွင်း အခမဲ့ယာဉ်ရပ်နားကွင်းနှစ်ခု ဖော်ဆောင်နေ

ပုဂံယဉ်ကျေးမှုဇုန်အတွင်း အခမဲ့ယာဉ်ရပ်နားကွင်းနှစ်ခု ဖော်ဆောင်နေ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်သည့်ဘုရားဖူးကားများ ရပ်နားနိုင်ရန်
အတွက် ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာဘုရားအနီးတွင် အခမဲ့ရပ်နားနိုင်သည့် ယာဉ်ရပ်နားကွင်း များပြုလုပ်နေကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူ းဦးစိုးတင့်က ပြောသည်။

''ပုဂံကို လာရောက်လည်ပတ်တဲ့ ခရီးသွားကားတွေက များလာတယ်။ များလာတဲ့ နောက်ပိုင်း
ကျတော့ မော်တော်ယာဉ်တွေ ရပ်နားနိုင်ဖို့ နေရာတွေလိုလာတယ်။ အရင်က နေရာလွတ်တွေမှာ
ရပ်နားခဲ့တော့ ကားလမ်းတွေ ပိတ်ဆို့တာတွေ ဖြစ်လာတယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် ယာဉ်ရပ်
နားကွင်းတွေ ထပ်မံဖော်ဆောင်နေတာပါ''ဟု ဦးစိုးတင့်က ပြောသည်။

လက်ရှိအချိန်တွင် ထီးလိုမင်းလိုဘုရားအနီးတွင် ယာဉ်ရပ်နားကွင်းကို စတင်ဖော်ဆောင်နေပြီး
အာနန္ဒာဘုရားအတွက်ကိုမူ နေရာရှာဖွေနေပြီး အဆိုပါဘုရားများအတွက် ယာဉ်ရပ်နားကွင်းများ
ကို မတ်လ ပထမပတ်အတွင်း ပြီးစီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြီးစီးပါက ယာဉ်ရပ်နားကွင်းတစ်ခုလျှင် မော်တော်ယာဉ် အစီးရေ ၂ဝဝ အထိ ရပ်နားနိုင်မည်ဖြစ်ကြောင်း
၄င်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးပြီး
သဗ္ဗေညု၊ ရွှေဆံတော်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက ဘုရားငါးဆူတို့တွင် ယာဉ်ရပ်နားကွင်းများ
ဖော်ဆောင်ခဲ့ပြီး ယခုအချိန်တွင် သဗ္ဗေညုဘုရားနှင့် ဓမ္မရာဇကဘုရားတို့အတွက် ယာဉ်ရပ်နား
ကွင်းများမှာ ပြီးစီးသွားပြီဖြစ်ပြီး ကျန်သည့်ဘုရားသုံးဆူအတွက် ယာဉ်ရပ်နားကွင်းကို ဆက်လက်
ဆောင်ရွက်နေကြောင်းနှင့် အဆိုပါဘုရားငါးဆူအနီးတွင် ဆောင်ရွက်နေသည့် ယာဉ်ရပ်နားကွင်း
များမှာ ရပ်နားကွင်းတစ်ခုလျှင် မော်တော်ယာဉ်အစီး ၅ဝ ရပ်နားနိုင်သည်။

''ယာဉ်ရပ်နားကွင်းတွေ ပြီးစီးသွားရင် ယာဉ်ရပ်နားခကို လုံးဝကောက်ခံမှာမဟုတ်သလို၊ ရပ်နားခွင့်
အချိန်တွေကိုလည်း ကန့်သတ်သွားမှာမဟုတ်ပါဘူး''ဟု ဦးစိုးတင့် က ဆိုသည်။

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လာရောက်သည့် ခရီးသည်အချင်းချင်း မော်တော်ယာဉ်ရပ်နားခြင်း
ကိစ္စနှင့်ပတ်သက်ပြီး ပြဿ     နာဖြစ်ခြင်းများမှာ မကြာခဏကြံုလေ့ရှိကြောင်း ၄င်းက ပြောသည်။

''အခါကြီးရက်ကြီးတွေဆိုရင် တခြားမြို့ကလူတွေ လာကြည့်စေချင်တယ်။ ကားတွေရပ်တာနဲ့ပတ်
သက်ပြီး ကားသမားအချင်းချင်း ပြဿ     နာတက်တာတွေ တွေ့ရလိမ့်မယ်။ ယာဉ်ရပ်နားကွင်းမရှိ
တော့ ကားသမားတွေက သူတို့ကားတွေကို တွေ့ရာနေရာမှာ ရပ်တတ်ကြတယ်။ အဲဒီတော့ မလို
အပ်ပဲ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်လာတယ်''ဟု ညောင်ဦးမြို့ခံ ဦးစိုးဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး