အမရပူရမြို့နယ်အတွင်း ရေပေးဝေနိုင်ရေး မြေအောက်ရေ စမ်းသပ်မှုများ ဆောင်ရွက်

အမရပူရမြို့နယ်အတွင်း ရေပေးဝေနိုင်ရေး မြေအောက်ရေ စမ်းသပ်မှုများ ဆောင်ရွက်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရောက်ရှိခဲ့ပြီဖြစ်သည့် အမရပူရ
မြို့နယ်အတွင်း သောက်သုံးရေနှင့် သန့်စင်သောရေပေးဝေနိုင်ရန်အတွက် မြေအောက်ရေစမ်းသပ်
မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်း
မှုဌာန၊ ရေဖြန့်ဖြူးရေးဌာနခွဲမှ သိရသည်။

''အမရပူရမြို့နယ်မှာ ကောင်းမွန်သော ရေဖြန့်ဖြူးပေးနိုင်ရေးအတွက် ဒီနေ့ပဲ မြေအောက်ရေစမ်းသပ်
မှုတွေ လုပ်ဆောင်နေတယ်။ စက်ရေတွင်းတွေ တူးတယ်ဆိုတာကလည်း မြေအောက် ပေ ၅ဝဝ မှ
၇ဝဝ အထိတူးဖော်ပြီး ထွက်ရှိလာတဲ့ရေတွေကို ပြန်လည်သန့်စင်ပြီးမှ ဖြန့်ဖြူးပေးဝေသွားမှာဖြစ်
တယ်။ မသန့်ရှင်းစရာအကြောင်း ဘာမှမရှိပါဘူး။ အမရပူရမြို့နယ်တစ်ခုလုံးအတွက် ရေမီတာ
လျှောက်ထားတာ လေးလုံးပဲရှိသေးတယ်။ စိတ်ဝင်စားမှု အားနည်းနေတာ တွေ့ရတယ်''ဟု ရေနှင့် သန့်ရှင်းမှုဌာန၊ ရေဖြန့်ဖြူးရေးဌာန၊ ဌာနခွဲမှူ းဦးခင်မောင်သင်းက မြန်မာတိုင်း(မ်) ကို ဖေဖော်ဝါရီ
၂၃ ရက်က ပြောသည်။

အမရပူရမြို့နယ်အတွင်း သန့်ရှင်းသော သောက်သုံးရေဖြန့်ဖြူးပေးဝေနိုင်ရေးအတွက် ပြင်သစ်ဖွံ့ဖြိုး
ရေးအေဂျင်စီမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ပံ့ပိုးကူညီပေးပြီးလုပ်ဆောင်နေရာ အမရပူရ
မြို့နယ်အတွင်းရှိ နေအိမ်ပေါင်း ၂,ဝဝဝ ခန့် အတွက် စနစ်သစ်ဖြင့် ရေပိုက်ဆက်သွယ်ပေးဝေနိုင်ရန်
ဆောင်နေခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

''ကောင်းမွန်တဲ့ ရေပေးဝေဖို့လုပ်ဆောင်နေတဲ့အချိန်မှာ တရားဝင်လျှောက်ထားတာ အခုမှ ရေမီတာ
လေးလုံးလောက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ လျာထားတာ ရေမီတာအလုံးရေ ၂,ဝဝဝ လောက်
ထိကို လျာထားတယ်။ ဒီစီမံကိန်းအကောင်အထည်ဖော်ကာလကို နှစ်နှစ်သတ်မှတ်ထားတယ်'' ဟု
ဦးခင်မောင်သင်း က ပြောသည်။

အမရပူရမြို့နယ်အတွင်း သန့်ရှင်းသောရေပေးဝေရေး လုပ်ဆောင်ရာတွင် သုဿ     န်မြေအတွင်း
တူးဖော်ပြီးပေးဝေနိုင်ရန် လုပ်ဆောင်နေခြင်းကို မြို့လူထုက ဝေဖန်မှုများရှိနေကြပြီး လက်ရှိအနေ
အထားအရ အမရပူရမြို့နယ်အတွက်ရေလိုအပ်ချက်မှာ မရှိသလောက် အလွန်ပင်နည်းပါးနေသေး
ကြောင်း မြို့နေထိုင်သူများက ဆိုသည်။

''အမရပူရမှာကတော့ အခုလက်ရှိ ရေအတွက်ကတော့ အခက်အခဲမရှိဘူး။ ကိုယ့်အိမ်နဲ့ကိုယ်
အဝီစိတွင်းတူးပြီး သုံးနေကြတာများတယ်။ လျှပ်စစ်နဲ့ တင်သုံးတဲ့သူနဲ့ လက်နှိပ်ဘုံဘိုင်စနစ်သုံးတဲ့
သူသုံးပေ့ါ။ သောက်ရေကတော့ ရေသန့်ဘူး သောက်တဲ့သူက သောက်တယ်။ အဝီစိတွင်းသောက်
တဲ့သူက သောက်တယ်။ မန္တလေးမြို့ထဲမှာကို ရေပေးဝေရေးကပေးတဲ့ ရေကိုသောက်တာရှားသွား
ပါပြီ။ ရေမီတာပေးမယ်ဆိုရင်လည်း ယူကြမယ်မထင်ဘူး။ မီးကလည်းမှန်နေတော့ ကိုယ်အိမ်မှာ
ကိုယ် ရေတင်လို့လွယ်နေကြတယ်'' ဟု အမရပူရမြို့တွင် နေထိုင်သူ ကိုညီညီဇော် က မြန်မာ
တိုင်း(မ်) ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး