မောင်၊ မယ်ပြိုင်ပွဲအတွက် စိတ်ဝင်စားသူများကို ဖိတ်ခေါ်

မောင်၊ မယ်ပြိုင်ပွဲအတွက် စိတ်ဝင်စားသူများကို ဖိတ်ခေါ်

အထက်မြန်မာပြည် Myanmar Star Beauty Pageants  Mister and Miss ပြိုင်ပွဲအတွက် စိတ်
ဝင်စားသည့်လူငယ်များယှဉ်ပြိုင်နိုင်ကြောင်း Star & Models International Agency မန္တလေးမှ
ဒါရိုက်တာဦးကျော်မျိုးဘိုက ပြောသည်။

''အထက်မြန်မာပြည်အတွက် ဆန်ခါတင်အယောက် ၆ဝ လောက်တော့ ရွေးချယ်မယ်။ အဲဒီထဲကမှ
၁၄ ယောက်ထပ်ပြီးရွေးမယ်။ ၁၄ ယောက်ထဲမှ ခုနစ်ဦးကို ရွေးချယ်သွားမှာ ပါ''ဟု ၄င်းက ပြော
သည်။

အထက်မြန်မာပြည်အတွက်ပြိုင်ပွဲကို မန္တလေးမြို့၊ Hotel Marvel တွင် ဧပြီ ၂ ရက်၌ ပြုလုပ်သွား
မည်ဖြစ်သည်။

''တိုင်းနဲ့ပြည်နယ်တွေမှာ ဆုရတဲ့သူတွေက ရန်ကုန်မှာ ထပ်ပြီးပြိုင်ရမှာပါ။ ရန်ကုန်ပြိုင်ပွဲကနေ ဆု
ရတဲ့ Mister နဲ့ Miss တွေက ၂ဝ၁၈ ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာပွဲတွေမှာ
ယှဉ်ပြိုင်ရမှာပါ'' ဟု ၄င်းက ပြောသည်။ ပြိုင်ပွဲဝင်ဖောင်များကို ၆၃ လမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြား
Star & Models International Agency တွင် ဝယ်ယူနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး