ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်တွင် ဆေးကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု မတ်
၅ ရက်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူ းရုံးမှ သိရသည်။
အဆိုပါနေ့က မန္တလေးဆေးတက္တသိုလ်တွင် Final Part I တက်နေသူဗိုလ်သူရဦးသည် အဆောင်
တွင် အခန်းဖော်အတန်းတူသူငယ်ချင်းနှင့် အဆောင်အပေါ်ထပ်တွင် စာအတူကျက်နေခဲ့ကြကြောင်း၊
နှစ်ဦးစလုံးမှာ မတ် ၆ ရက်တွင် ဖြေဆိုမည့်စာမေးပွဲအတွက် စာမရသဖြင့် စိတ်ညစ်နေကြကြောင်း
ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ၄င်းတို့နှစ်ဦးမှာ နေ့လယ်စာထွက်စားခဲ့ပြီး အဆောင်သို့ပြန်လာ
ပြီးနောက် စာများ ဆက်လက်ကျက်နေခဲ့ကြကြောင်း၊ ဗိုလ်သူရဦးက အခန်းဖော်ကိုအိပ်ဦးမည်လား
ဟုမေးမြန်းရာ စာကျက်ဦးဟုပြန်ပြောပြီး အဆောင်အပေါ်ထပ် လှေကားရင်းတွင် စာကျက်နေ
သဖြင့် ဗိုလ်သူရဦးက အခန်းတံခါးကို ပိတ်ခဲ့သည်။
မွန်းလွဲ ၂ နာရီ ၂ဝ မိနစ်ခန့်တွင် အခန်းဖော်က အပြင်ထွက် အအေးဝယ်ရန် ဆိုင်ကယ်သော့သွား
ယူရာ ဗိုလ်သူရဦးကို အခန်းတံခါးဖွင့်ခိုင်းသော်လည်း ခေါ်မရခဲ့ကြောင်း၊ လေကာတရုတ်ကပ်မှန်မှ
ချောင်းကြည့်ခဲ့ရာ ဗိုလ်သူရဦးသည် အခန်းတွင်းထုပ်တန်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချလျက်
တွေ့ရှိခဲ့သည်။
အခန်းဖော်သည် အခန်းတံခါးကို ရိုက်ချိုးဖျက်ဆီးသော်လည်း မရသဖြင့် လူမနေသည့်အခန်းကို
ဖွင့်ပြီး အပေါ်သစ်သားတန်းကို ရိုက်ချိုးဝင်ရောက်ကာ အခြားကျောင်းသားတစ်ဦးနှင့်အတူ
ဗိုလ်သူရဦးကိုကြိုးဖြေပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ပို့ခဲ့သော်လည်း မတ် ၆ ရက် နံနက် ၅ နာရီ
ခန့်တွင်သေဆုံးသွားကြောင်း သိရသည်။















