အရသာတွေ့မယ့် သက်သတ်လွတ်ကော်ပြန့်စိမ်း

အရသာတွေ့မယ့် သက်သတ်လွတ်ကော်ပြန့်စိမ်း

မန္တလေးမြို့မှာ ကော်ပြန့်ကြော်ဆိုင်တွေအများအပြားရှိပေမဲ့ ကော်ပြန့်စိမ်းဆိုင်တွေကတော့ မရှိ
သလောက်ပါပဲ။ ကိုဇင် သက်သတ်လွတ်ကော်ပြန့်စိမ်းကတော့ စားကောင်းတဲ့အတွက် မင်္ဂလာ
မန္တလေးရောက်ရင် အမြဲဝင်စားလေ့ရှိတဲ့ ဆိုင်လေးပါ။

သက်သတ်လွတ်ကော်ပြန့်စိမ်းဖြစ်တဲ့အတွက် လူမျိုးမရွေးစားသုံးနိုင်တဲ့အပြင် တစ်ခါစားပြီးရင် ခံတွင်းတွေ့တဲ့အတွက် နောက်ထပ်လည်း စားချင်မိမှာပါ။ ကော်ပြန့်စိမ်းလေးတစ်လုပ်စားလိုက်၊
ရေနွေးလေးသောက်လိုက်နဲ့ စားရတာအတွဲညီပါတယ်။

သက်သတ်လွတ်ကော်ပြန့်စိမ်းဖြစ်တဲ့အတွက် ကော်ပြန့်ထဲမှာအစာအနေနဲ့ အဓိကထည့်ထားတာက
ဂေါ်ဖီထုပ်၊ ခါကြက်ဥတွေကိုပါးပါးလေးတွေလှီးပြီးထည့်ထားတာ ပဲပြားနဲ့ ပေါင်းထားတာဖြစ်ပါတယ်။
အဲဒီအဆာသုံးမျိုးကို ပေါင်းအိုးထဲထည့်ထားပြီး ကော်ပြန့်စိမ်းလာစားတဲ့သူလာမှ ကော်ပြန့်ဖက်ထဲ
အဆာထည့်ပေးပြီး ပြင်ပေးတာပါ။

ကော်ပြန့်စိမ်းတစ်ပွဲကို ကျပ် ၁,ဝဝဝ ဖြစ်ပါတယ်။ တစ်ပွဲကို ကော်ပြန့်စိမ်းလေးချောင်းညှပ်ပေးပြီး
တော့ ပန်ကန်ပြားထဲထည့်ထားပေးကာ အချဉ်လေးရယ်၊ ကြက်သွန်မိတ်လေးတွေကိုလည်း ညှပ်
ထားပြီးချပေးပါတယ်။ ညှပ်ထားတဲ့ကော်ပြန့်စိမ်းတွေရဲ့အရသာက အချဉ်လေးနဲ့တွဲဖက်လိုက်တဲ့
အခါ ပိုပြည့်စုံသွားပါတယ်။

ကိုဇင်သက်သတ်လွတ်ကော်ပြန့်စိမ်းဆိုင်ကတော့ မင်္ဂလာမန္တလေးရဲ့ လမ်းလျှောက်စျေးရဲ့ တောင်
ဘက်အဆုံး ရေပန်းတွေနားမှာ ရှိပါတယ်။ ဆိုင်က နည်းနည်းကျဉ်းတဲ့အတွက် ထိုင်ခုံတွေအများ
ကြီးခင်းကျင်းထားတာ မရှိပါဘူး။ လမ်းလျှောက်စျေးဘက်မှာ ဖျော်ဖြေရေးပွဲတွေရှိရင်တော့ ကိုဇင် သက်သတ်လွတ်ကော်ပြန့်စိမ်းဆိုင်မှာ ထိုင်စရာနေရာမရှိပါဘူး။ လမ်းလျှောက်သွားရင်း အမောပြေ
စားသုံးနိုင်တဲ့ ကိုဇင် သက်သတ်လွတ်ကော်ပြန့်စိမ်းဆိုင်ကို မွန်းလွဲ ၁ နာရီကနေ ည ၉ နာရီအထိ
ဖွင့်လှစ်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး