အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးများအသုံးပြုနေသည့် မန္တလေးမြို့ရှိစျေးများမှ စျေးဆိုင်
များကို မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေအရ စျေးရောင်းချခွင့်ပိတ်သိမ်းသည်အထိအရေး
ယူခြင်းများကို လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိ
သူက ပြောသည်။
''အစားအသောက် ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် ခွင့်မပြုဆိုးဆေးသုံးစွဲနေတာတွေကို
ရပ်ကြဖို့ အသိပညာပေးတာတွေ၊ အကြိမ်ကြိမ်သတိပေးတာတွေ လုပ်ခဲ့ပြီးပါပြီ။ အခုကတော့ ဆိုင်
ပိတ်သည်အထိကို စတင်အရေးယူတာတွေ လုပ်ပါပြီ။ ပထမဦးဆုံးစျေးရောင်းခွင့်ကို နှစ်ပတ်ပိတ်
အရေးယူပြီး၊ နောက်တစ်ကြိမ် ထပ်စစ်လို့ထပ်တွေ့ရင် အပြီးအပိုင်ပိတ်သိမ်းသည်အထိ အရေးယူ
သွားပါမယ်။ အခုလိုလုပ်ရတာကလည်း အများပြည်သူစားသောက်နေတဲ့ အစားအသောက်တွေ
ဘေးအန္တရယ်ကင်းကင်းနဲ့စားသုံးနိုင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်''ဟု မန္တလေးမြို့တော်စည်ပင်
သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနစုမှူ းဦးဇေယျာငြိမ်းက ယခုလ ၆ ရက်က
ပြောသည်။
ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ရာတွင် ခွင့်မပြု ဆိုးဆေးပါဝင်နေသည့် မျှစ်
အရောင်းဆိုင် ၁ဝ ဆိုင်ရှိသည့်အနက် ငါးဆိုင်ကို စျေးရောင်းချခွင့် ၁၄ ရက် (နှစ်ပတ်) ပိတ်
သိမ်းခိုင်းခြင်း ဖြစ်သည်။
''ခွင့်မပြုဆိုးဆေးတွေ့တာ ၁ဝ ဆိုင်ရှိတယ်။ အဲဒီထဲကမှ ငါးဆိုင်က နောက်ဆုံးတစ်ခါစစ်မှတွေ့တာ၊
ကျန်တဲ့ငါးဆိုင်ကတော့ ရက် ၁ဝဝ စီမံချက်လုပ်ကတည်းက အကြိမ်ကြိမ်တွေ့ခဲ့ရတယ်။ အကြိမ်ကြိမ်
လည်းသတိပေးခဲ့ပြီးပြီ။ ဒါကြောင့်မို့ စျေးရောင်းချခွင့် ပိတ်သိမ်းခိုင်းရခြင်းဖြစ်ပါတယ်''ဟု ဦးဇေယျာ
ငြိမ်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး
နှင့် စိတ်ချသောအစားအသောက်များ စားသုံးနိုင်ရေးအတွက် အစားအသောက်ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာန (မန္တလေး)၊ မြို့တော်စည်ပင်သာယာ၊ တိုင်းကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တို့ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်သည်။
''ရက် ၁ဝဝ စီမံချက်ကာလတုန်းက စစ်ဆေးခဲ့တဲ့ကုန်ပစ္စည်းတွေကို ဆက်ပြီးရှောင်တခင်စစ်ဆေး
တယ်။ အဲဒီလို ထပ်စစ်တဲ့အခါမှာ ထပ်တွေ့ရတာတွေရှိသလို လုံးဝကင်းစင်သွားတဲ့ ပစ္စည်းတွေ
လည်းရှိတယ်။ ခွင့်ပြုထားတဲ့ဆိုးဆေးတွေကိုလည်း မလိုအပ်ဘဲနဲ့ဆိုးတာတွေကိုလည်း ခွင့်မပြုဘူး။
မျှစ်ဆိုရင် အဝါနဲ့အနီမှ စားသုံးသူတွေက ဝယ်ချင်ကြတယ်။ အဖြူရောင်ဆိုရင် မဝယ်ချင်ကြဘူး။
အဖြူကမှ ဆိုးဆေးကင်းစင်တာပါ။ ဒီလို အသိပညာတွေကို စားသုံးသူတွေအနေနဲ့ကလည်း လိုက်
နာမှရမယ်'' ဟု အစားအသောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲ ဒုတိယညွှန်ကြား
ရေးမှူ း ဒေါက်တာကျော်ကျော်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် ရက် ၁ဝဝ စီမံချက် ရေးဆွဲခဲ့ပြီး အစား
အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) မှ မန္တလေးမြို့ပေါ်ရှိ အရောင်းအဝယ်
အချက်အချာကြသည့် စျေး ၂၅ စျေးအတွင်း ရောင်းချနေသည့် အစားအသောက်ကုန်ပစ္စည်း ၂၂ မျိုး၊
အရေအတွက် ၁,၉ဝ၇ ခုကို စစ်ဆေးခဲ့ရာမှာ ခွင့်မပြုဆိုးဆေးပါဝင်သည့် အရေအတွက်မှာ ၃ဝ၅
မျိုးထိတွေ့ရှိခဲ့ကြောင်း အစားအသောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲစာရင်းများ
အရသိရသည်။
















