မန္တလေးကန်တော်ကြီးတွင် ကန်တော်ကြီး Water Park ခေတ်မီကစားကွင်းကို ယခုလ ၈ ရက်က
စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါကစားကွင်း မန်နေဂျာဦးသက်နိုင်ထွန်းက ပြောသည်။
''ကစားကွင်းမှာ ဆော့ကစားနိုင်တဲ့အမျိုးအစားပေါင်း ၁၃ မျိုးလောက် ရှိပါ တယ်။ ကလေးငယ်တွေ
ကစားနိုင်တဲ့ ကစားကွင်းတွေရယ်၊ လူကြီးတွေအတွက်လည်း အပန်းဖြေအနားယူတဲ့ နေရာတွေ
လည်းလုပ်ဆောင်ထားပါတယ်''ဟု ၄င်းက ပြောသည်။
ကစားကွင်းထဲတွင် အပန်းဖြေအနားယူနိုင်ရန် အပန်းဖြေနေရာများ၊ ရေဆော့ကစားနိုင်ရန်ရေလှိုင်း
အတုများ ထည့်သွင်းထားသည့် ပင်လယ်ကမ်းစပ်ပုံစံ လုပ်ဆောင်ထားသည့် ရေကန်ထည့်သွင်း
ထားကြောင်း ဦးသက်နိုင်ထွန်းက ပြောသည်။
''ပင်လယ်ကမ်းစပ်ရောက်နေသလို ခံစားနိုင်အောင်လုပ်ဆောင်ထားပါတယ်။ ရေလှိုင်းအတုတွေ
က ၁၅ မိနစ်တစ်ကြိမ် ပြောင်းလဲသွားမှာပါ။ လှိုင်းလုံးပုံစံတွေကလည်း တစ်ခုနဲ့တစ်ခုမတူညီပါဘူး။
အနက်ကလည်း ငါးပေအထိပဲ နက်ပါတယ်''ဟု ၄င်းက ပြောသည်။
ကန်တော်ကြီး Water Park ခေတ်မီကစားကွင်းထဲသို့ အခမဲ့ဝင်ရောက်နိုင်ပြီး မိမိဆော့ကစားလို
သည့်ကစားကွင်းခသာ ပေးဆောင်ရမည်ဖြစ်ကာ စနေ့၊ တနင်္ဂနွေ များတွင်လည်း ဖျော်ဖြေရေးများ
ဖြင့်ဧည့်ခံသွားမည်ဖြစ်ကြောင်း ကိုသက်နိုင်ထွန်းက ပြောသည်။
''မြင်းကမ္ဘာတွေ၊ တိုက်ဂါးတွေ၊ ရေကစားကွင်းတွေ၊ ကလေးအရုပ်စီးကွင်းတွေရှိသလို 5D၊ 9D
ရုပ်ရှင်ရုံတွေလည်းရှိပါတယ်။ ရေဆော့ချင်ရင်တော့ ကြိုက်သလောက်ဆော့နိုင်ပါတယ်။ Water
Park ကစားကွင်းခကတော့ တစ်ယောက်ကိုကျပ် ၃,ဝဝဝ ပါ။ ကျန်တာတွေကတော့ အချိန်နဲ့ပေါ့''ဟု
၄င်းက ပြောသည်။
ကန်တော်ကြီး Water Park ခေတ်မီကစားကွင်းသည် ငါးဧကကျော်ကျယ်ဝန်းပြီး နေ့စဉ် နံနက် ၉
နာရီက ည ၈ နာရီ အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''အခုလို ကစားကွင်းတွေပေါ်ပေါက်လာတာ ကောင်းပါတယ်။ စျေးနှုန်းတွေကိုလည်း သက်သာေ
စချင်ပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ ပြည်သူတွေ အခမဲ့အနားယူအပန်းဖြေနိုင်တဲ့နေရာတွေကို
ဖော်ဆောင်ပေးချင်ပါတယ်''ဟု အသက် ၃ဝ ကျော်ရှိတဲ့ မအိသွယ်က ပြောသည်။
















