မြင်းခြံစက်မှုလုပ်ငန်းရှင်များ စုဆောင်းထားသော ရန်ပုံငွေများ ပျောက်ဆုံးမှုအတွက် မြင်းခြံ
မြေလတ်ကားကော် မတီက ပြန်လည်ရှင်းလင်းပေးစေလို ကြောင်း မြင်းခြံစက်မှုလုပ်ငန်းရှင်
များက ပြောသည်။
"စက်မှုလုပ်ငန်းရှင်တွေရဲ့ ရန်ပုံငွေ တွေကို ၂၀၀၅ ခုနှစ်လောက်ကစပြီး ဘဏ်မှာ အပ်ထား
တယ်။ ငွေသိန်းရှစ် ရာကိုးဆယ်ကျော်တယ်။ ၂၀၀၉ ခုနှစ်မှာ စက်မှုဇုန် ခန်းမတည်ဆောက်ဖို့
အတွက် ငွေထုတ်မယ်ဆိုတော့ ဘဏ်မှာ ငွေ မရှိတော့ဘူးဖြစ်နေတယ်။
"အဲဒီတော့မှ (မထသ)က စာရေးမကိုကော်မတီက တရားစွဲပြီး ထောင်ချခဲ့တယ်"ဟု မြင်းခြံ
စက်မှုလုပ်ငန်းရှင် ဦးလူပေါက မြန်မာတိုင်း(မ်)ကို ရှင်းလင်း ပြောပြသည်။
အဆိုပါအချိန်တွင် မြေလတ် ဂျစ်ကားကော်မတီနှင့် (မထသ)အဖွဲ့၏ ရန်ပုံငွေ များကိုဘဏ်
တွင်အပ်နှံထားရာ ယင်းအပ်ငွေများကို ၎င်းအဖွဲ့နှစ်ဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ၏ လွှဲပြောင်းချက်အရ
(မထသ) စာရေးမဖြစ်သူက ငွေထုတ်ယူခွင့်ရသောကြောင့် ယခုကဲ့သို့ ဆုံးရှုံး မှုပေါ်ပေါက်
ရခြင်း ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်များက ဆိုသည်။
(မထသ) စာရေးမဖြစ်သူမှာ စက်မှု လုပ်ငန်းရှင်များရန်ပုံငွေ ကျပ်သိန်းရှစ် ရာကျော် နှင့်
(မထသ) ရန်ပုံ ငွေကျပ် သိန်း နှစ်ရာကျော် အလွဲသုံးစားပြုလုပ် ခြင်းအတွက် ထောင်
၁၆ နှစ် ထိ ကျခံ နေရပြီဖြစ်ကြောင်း သိရသည်။
"တကယ်ဆိုရင် ကော်မတီကနေပြီး လုပ်ငန်းရှင်တွေကို တာဝန်ယူဖြေရှင်း ပေးရမှာပါ။
ပျောက်ဆုံး သွားတဲ့ ငွေတွေ ကို စစ်ဆေးဖို့အတွက် စာရင်းစစ်အဖွဲ့ ဖွဲ့မယ်။
"ကျေနပ်လောက်တဲ့ အဖြေမရရင်တော့ ကော်မတီက တာဝန်ရှိသူတွေကိုတရားစွဲမယ်။
တခြားတစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာနဲ့ ပြီးသွားတာ သဘာဝမကျပါဘူး" ဟု မြင်းခြံ
စက်မှုဇုန် သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး
ဦးမောင်မောင်သိန်းက သတင်းစာရှင်းလင်းပွဲ တွင် အကျယ်တဝင့် ပြောကြားသည်။
အမှုဖြစ်ပွားချိန်က စက်မှုလုပ်ငန်းရှင် များက (မထသ) စာရေးမအား တရား စွဲဆိုခြင်းမရှိဘဲ
ကော်မတီတာဝန်ရှိသူ များကသာ တရားစွဲဆိုခဲ့ကြကြောင်း စက်မှုလုပ်ငန်းရှင်များက
ဆိုသည်။
ယခင်အချိန်က မြေလတ်ဂျစ်ကား ထုတ်လုပ်ရေး ကော်မတီဝင်များမှာ ဦးလှသိန်း( ဥက္ကဋ္ဌ)
၊ ဦးရှိန်၊ ဦးမြအောင်၊ ဦးအောင်ဇံ (မန္တလေးတိုင်းဒေသကြီး၊ စီမံကိန်းနှင့်စီးပွားရေးရာ ၀န်ကြီး)
နှင့် ဦးညိုတို့ဖြစ်ကြပြီး ယခုလက်ရှိအချိန် တွင်ပင် ဦးလှသိန်းနှင့် ဦးရှိန်တို့မှာ အဆိုပါကော်မတီ
၌ ဆက်လက်တာဝန်ယူ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်းသိရှိရသည်။















