မန္တလေးစက်မှုဇုန်အတွင်းရှိ သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်မှုမရှိသော ရေဆိုးစွန့်ပစ်မှုရှိနေသည့်
စက်ရုံများကို လတ်တလောတွင် လုပ်ငန်းပိတ်သိမ်းအရေးယူသွားမည် မဟုတ်သော်လည်း သက်
ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ စတင်ပြောင်းလဲခြင်းမရှိပါက ခံစားသွားရမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သတိပေးပြောကြားသည်။
စက်မှုဇုန်အတွင်း၌ ရေဆိုးစွန့်ပစ်နေသောစက်ရုံများတွင် အရက်ချက်စက်ရုံများမှာ သတ်မှတ်အော်
ဂဲနစ်ဒြပ်ပေါင်းပစ္စည်းပါဝင်မှု BOD (Biochemical Oxygen Demand) အများဆုံးဖြစ်ပြီး သတ်မှတ်
ချက်ထက် အဆများစွာပါဝင်သော ရေဆိုးများထုတ်လွှတ်မှုရှိနေကာ ၄င်းစက်ရုံတို့အနက်မှ အရက်
ချက်စက်ရုံနှစ်ရုံမှာ လတ်တလောတွင် လုပ်ငန်းလည်ပတ်ခွင့် ယာယီပိတ်သိမ်းခံထားရသည်။
''အဓိကပြောချင်တာက စိတ်ဓာတ်တွေကို ပြောင်းစေချင်ပါတယ်။ ကိုယ့်လုပ်ငန်းတစ်ခုတည်းကို
မကြည့်ဘဲ၊ အတတ်နိုင်ဆုံး မြေပေါ်၊ မြေအောက်ရေထုညစ်ညမ်းတာ၊ လေထုညစ်ညမ်းတာတွေ
မဖြစ်စေဘဲ BOD တွေလျှော့ချကြပါ။ အနည်းဆုံး ကိုယ့်ရှေ့ကထွက်တဲ့ရေဆိုးကို ခဏတာထိန်းထား
နိုင်မယ့်နည်းလမ်းတွေလုပ်ပြီး သတ်မှတ်ချိန်အတွင်းမှာ လျှော့ချကြပါ။ လုပ်ငန်းတစ်ခုလုပ်လို့
ကျေးဇူးတင်ပေမဲ့ ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အတတ်နိုင်ဆုံးကြိုးစားပြီး
လျှော့ပါ။ လုပ်ငန်းပိတ်သိမ်းဖို့အထိ လောလောဆယ်မရှိသေးပေမဲ့ နောက်လာမယ့် နှစ်လ၊ သုံးလ
အတွင်းမှာ စတင်ပြောင်းလဲမှုမရှိရင် ခံစားသွားရပါလိမ့်မယ်''ဟု ဒေါက်တာရဲလွင်က ယခုလ ၃
ရက်က စည်ပင်သာယာအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော မန္တလေးစက်မှုဇုန်ရှိစက်ရုံများမှ
ထွက်ရှိသော ရေဆိုးများစွန့်ထုတ်နေသည့်ကိစ္စများနှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြော
သည်။
စည်ပင်သာယာ ရေနှင့်သန့်ရှင်းမှုဌာနမှကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ရေဆိုးစွန့်ပစ်မှုရှိသော
စက်ရုံ ၆ဝ ကျော်ရှိပြီး စက်ရုံများအား ယခုလဒုတိယပတ်မှစတင်၍ တစ်ပတ် (သို့မဟုတ်) နှစ်ပတ်
လျှင်တစ်ကြိမ် သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
''ရေဆိုးစွန့်ထုတ်မှုရှိနေတဲ့စက်ရုံတွေကို ရေဆိုးစွန့်ထုတ်ချိန်ကို ညနေ ၆ နာရီကနေ မနက် ၅ နာရီ
အတွင်းမှာသာစွန့်ထုတ်ကြဖို့ သတ်မှတ်ထားပေမဲ့ မလိုက်နာဘဲ သူတို့ စွန့်ချင်သလို စွန့်ထုတ်နေ
ကြပါတယ်။ ဒါတွေကို ပုံမှန်စစ်ဆေးသွားမယ်လို့ သတိပေးလိုက်ပါတယ်။ ပြီးတော့သတ်မှတ်ထား
တဲ့ BOD (Biochemical Oxygen Demand) ရောက်အောင်စွန့်စေချင်ပါတယ်''ဟု ၄င်းကပြောသည်။
အမရပူရမြို့နယ်အတွင်း စက်မှုဇုန်ပြင်ပတွင် စက်မှုဇုန်မှထွက်သောရေဆိုးများကိုသန့်စင်နိုင်ရန်
ဗဟိုရေဆိုးသန့်စင်စနစ်ကို စည်ပင်သာယာမှ HYDROTEK SUPREME MANDALAY ကုမ္ပဏီ
လီမိတက်ဖြင့် ၂ဝ၁၆ ခုနှစ်၊ မတ်လမှ စတင်အကောင်အထည်ဖော်နေသော်လည်း ၂ဝ၁၈ ခုနှစ်
နှစ်လယ်ရောက်မှ တည်ဆောက်မှုပြီးစီးမည်ဖြစ်ရာ ရေဆိုးစွန့်ထုတ်သဖြင့် ပတ်ဝန်းကျင်နှင့်ရေထု
ညစ်ညမ်းမှုရှိနေသော ပြဿ နာမှာ လတ်တလောတွင် အတတ်နိုင်ဆုံးနည်းလမ်းဖြင့်ဖြေရှင်းရန်
လိုအပ်လာခြင်းဖြစ်သည်။
မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူ းဦးမောင်မောင်ဦးက စက်မှုဇုန်ကို
၁၉၉ဝ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ စတင်ချိန်က ရေဆိုးစွန့်ပစ်မှုနည်းပါးခဲ့ကြောင်း၊
နောက်ပိုင်းတွင် လူနေထူထပ်စည်ကားခဲ့ကာ မြေသားရေမြောင်းအတွင်း စွန့်ပစ်သည့်ရေဆိုးနှင့်
ပတ်သက်၍ ပြဿ နာများရှိလာကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင် စက်ရုံများစုပေါင်း၍ ကျပ်သိန်း ၂,ဝဝဝ
ကျော်အကုန်ခံကာ (ပလတ်စတစ်) ရေပိုက်လိုင်းဖြင့် တောင်အင်းမြောက်အင်းအတွင်း စွန့်ပစ်ခဲ့
ကြောင်း၊ ယခုအခါ သတ်မှတ်ချိန်အတွင်း ရေဆိုးမစွန့်ဘဲ ခိုးလွှတ်ခြင်းများရှိနေသည်ကို ဝန်ခံရ
မည်ဖြစ်ကြောင်းနှင့် စည်းကမ်းတကျဖြစ်ရန် ဌာနဆိုင်ရာများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်
ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။ စွန့်ပစ်ရေဆိုးများမှာ ယခုအခါ ပိုက်လိုင်းမှတစ်ဆင့် ဒုဌဝတီ
မြစ်အတွင်းရောက်ရှိနေသည်။
မန္တလေးစက်မှုဇုန်အတွင်းရှိ ရေဆိုးစွန့်ပစ်သောလုပ်ငန်းများ၏ ရေဆိုးစွန့်ပစ်မှုအတိုင်းအတာကို တိုင်းဒေသကြီးအစိုးရ ညွှန်ကြားမှုဖြင့် ၂ဝ၁၆ ခုနှစ်၊ မေလတွင် သွားရောက်တိုင်းတာခဲ့ရာ အများ
စုမှာ သတ်မှတ်ချက်အတွင်းမဝင်ကြောင်း၊ ရေဆိုးစွန့်ပစ်မှုအများဆုံးဖြစ်သော အရက်ချက်စက်ရုံ
များက စွန့်ပစ်ရေတစ်လီတာတွင် BOD (အော်ဂဲနစ်ဒြပ်ပေါင်းပစ္စည်း) ပါဝင်မှု ၁၇,ဝဝဝ ကျော်မှ
၂ဝ,ဝဝဝ ကျော်အထိ ပါဝင်ကြောင်း၊ ပထမအကြိမ် စစ်ဆေးပြီးနောက် သြဂုတ်လအတွင်း BOD
6000 mg/l အထိလျှော့ချကြရန် သတ်မှတ်ခဲ့သော်လည်း နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သော
ဒီဇင်ဘာလတွင် ထပ်မံစစ်ဆေးရာတွင် အရက်ချက်စက်ရုံနှစ်ရုံမှာ သတ်မှတ်ချက်မဝင်ခဲ့သဖြင့်
ယာယီပိတ်သိမ်းခံထားရကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူ းဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ငန်းကဏ္ဍအသီးသီးအလိုက်
အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး (ထုတ်လွှတ်မှု) များနှင့်ပတ်သက်၍ လမ်းညွှန်ချက်
များကို အမိန့်ကြေညာချက်အမှတ် ၆၁၅/၂ဝ၁၅ ဖြင့်ထုတ်ပြန်ထားရာ အရက်ချက်စက်ရုံများအပါ
အဝင် အထွေထွေရေဆိုးစွန့်ပစ်မှုကို BOD 50 mg/l သတ်မှတ်ထားသည်။















