LP Holding ကုမ္ပဏီလီမိတက်ပိုင်ဆိုင်သော Mandalay Hill Resort Hotel နောက်ထပ်တည်
ဆောက်မည့် Mandalay Hill MGallery by Sofitel နှင့် Centrepoint Grand Hotel Yangon
တို့ကို AccorHotels မှ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း LP Holding ကုမ္ပဏီလီမိတက်မှ
ဒါရိုက်တာ ူLertsak Nopburanand က ပြောသည်။
အဆိုပါကိစ္စအတွက် LP Holding ကုမ္ပဏီလီမိတက်နှင့် AccorHotels တို့က စီမံခန့်ခွဲမှုဆိုင်ရာ
သဘောတူစာချုပ်ကို ပြီးခဲ့သောမတ် ၂ ရက်က ချုပ်ဆိုခဲ့ပြီး သဘောတူညီမှုအရ Mandalay Hill
Resort Hotel ကို Mercure Mandalay Hill Resort Hotel ဟုပြောင်းလဲသွားမည်ဖြစ်ကာ အဆိုပါ
ဟိုတယ်ဧရိယာအတွင်း၌ပင် Mandalay Hill MGallery by Sofitel ဟိုတယ်စီမံကိန်းကို အကောင်
အထည်ဖော်သွားမည်ဖြစ်သည်။
အလားတူရန်ကုန်ရှိ Centrepoint Grand Hotel Yangon ကို Pullman Yangon Centrepoint
အဖြစ် လည်ပတ်သွားမည်ဖြစ်သည်။
Mandalay Hill Resort Hotel ကို ၁၉၉၅ ခုနှစ်တွင် Accor စီမံခန့်ခွဲမှုအောက်တွင် နိုဗိုတယ်
ဟိုတယ်အဖြစ်လုပ်ကိုင်ခဲ့သော်လည်း ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့
မှုကြောင့် ၂ဝဝ၂ ခုနှစ်တွင် နိုဗိုတယ်မန္တလေးဟိုတယ်နှင့် Sofitel Project Yangon တို့မှာ LP
Holding Co., Ltd ခန့်ခွဲမှုအောက်တွင်သာထားရှိခဲ့ရပြီး Mandalay Hill Resort Hotel အဖြစ်
ဆက်လက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
Mercure Mandalay Hill Resort မှာ ၁၁ ဧက အကျယ်အဝန်းအတွင်း အခန်းပေါင်း ၂ဝ၆ ခန်းပါ
ဟိုတယ်ဖြစ်ပြီး ဥယျာဉ်၊ စားသောက်ခန်းများနှင့်ဘားများ၊ စည်းဝေးခန်း၊ Spa နှင့်အားကစားခန်းမ
တို့ပါဝင်ပြီး မန္တလေးတောင်၊ ကျုံးနှင့်နန်းတော်၊ မြို့နှင့်ဧရာဝတီမြစ်အလှတို့ကို တွေ့မြင်ခံစားနိုင်သော
ဟိုတယ်ဖြစ်သည်။
တည်ဆောက်သွားမည့် Mandalay Hill MGallery by Sofitel တွင် အခန်းပေါင်း ၁၂ဝ၊ စား
သောက်ခန်းနှင့်ဘား၊ လူဦးရေ ၁,ဝဝဝ ဆ့ံ ခန်းမပါဝင်ပြီး စည်းဝေးပွဲနှင့် မင်္ဂလာဧည့်ခံပွဲများလည်း
ကျင်းပသွားနိုင်မည်ဖြစ်သည်။
Pullman Yangon Centrepoint မှာ Centrepoint Towers ၏တစ်စိတ်တစ်ပိုင်းဖြစ်ကာ မြို့တွင်း
အချက်အချာကျသောနေရာတွင်ရှိသည်။ ၄င်းတွင် အခန်းပေါင်း ၃ဝဝ၊ စားသောက်ခန်းများ၊ စကိုင်း
ဘား၊ နားနေခန်းမ၊ စတုရန်းမီတာ ၁,၄ဝဝ အကျယ်ရှိခန်းမ၊ ရေကူးကန်၊ Spa၊ အားကစားခန်းမ
နှင့်စီးပွားရေးလုပ်ငန်းဆိုင်ရာ နေရာများပါဝင်သည်။
''အထူးသဖြင့် မန္တလေးက Mercure Mandalay Hill Resort နဲ့အတူ Mandalay Hill MGallery,
Pullman Yangon Centre point တို့ဟာ လိုအပ်ချက်ဖြစ်နေတဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ်နဲ့
စျေးကွက်မှာလိုအပ်တဲ့အခန်းအရည်အသွေးတွေကို ပေးနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေ
ပါပြီ''ဟု ဒါရိုက်တာ ူLertsak Nopburanand က ပြောသည်။
















