ပုထိုးတော်ကြီးပေါ် မတက်ရန် ပိတ်ထားလည်း တက်နေဆဲ

ပုထိုးတော်ကြီးပေါ် မတက်ရန် ပိတ်ထားလည်း တက်နေဆဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံခြားသားဧည့်သည်များ အထူးပင် စိတ်ဝင်စားသော
မင်းကွန်းပုထိုးတော် ကြီးပေါ်သို့ တက်ရောက်ကြည့်ရှုမှုကို  ပိတ်ပင်ထားသော်လည်း တက်
ရောက် နေကြဆဲဖြစ်ကြောင်း သိရသည်။

ပုထိုးတော်ကြီးပေါ်ကို မတက်ဖို့ပိတ်ထားတယ်။ ဒါပေမယ့် ဘုရားဖူးဧည့်သည်တွေကတော့
တက်နေကြတုန်းပဲ။ တာဝန်ရှိတဲ့သူတွေကတော့ မြင်တဲ့အခါမှာ တားကြတယ်။ မတွေ့လိုက်
ရင်တော့ အပေါ်တက်သွားကြတာပဲ" ဟု မင်းကွန်းသို့ ဘုရားဖူးလာသော ကိုမျိုးမင်းထွန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

နိုဝင်ဘာလအတွင်း လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပုထိုးတော် ကြီး ထိခိုက်မှု
အတိုင်းအတာကို ရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာနက ဆန်းစစ်တွက်ချက်နေခိုက်တွင်
မင်းကွန်း ပုထိုးတော်ကြီးပေါ်သို့ တက်ရောက်မှုကို နိုဝင်ဘာ ၁၂ ရက်နေ့မှ စတင်ပိတ်ပင်
ခဲ့ခြင်းဖြစ်သည်။

"ရှေးဟောင်းယဉ်ကျေးမှု အမွေတစ်ခု ဖြစ်တဲ့ ပုထိုးတော်ကြီးပေါ်ကို တက်ဖို့ ပိတ်ထားတယ်
ဆိုရင် အပေါ်ကိုတက်နိုင်တဲ့ နေရာတွေ အကုန်လုံးကို ပိတ်စေချင်တယ်။ လှေကားက
ဆိုင်းဘုတ်ရေးထားတယ်ဆိုတာနဲ့ မရနိုင်ဘူး။ တက်ဖို့လွယ်ကူနေတယ်ဆိုရင်တော့ တက်နေ
ကြဦးမှာပါ"ဟု ဘုရားဖူးဧည့်သည် မသိင်္ဂီဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မင်းကွန်းဒေသသို့ ဘုရားဖူးများလာရောက်ကြရာတွင် မင်းကွန်းဆရာတော် ဘုရားကြီးပြတိုက်၊
မင်းကွန်းခေါင်း လောင်းကြီးနှင့် မြသိန်းတန်စေတီတို့အား လာရောက်ဖူးကြခြင်း ဖြစ်သကဲ့သို့
မင်းကွန်းပုထိုးတော်ကြီးပေါ်မှ မန္တလေး မြို့ကို မျှော်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင် သဘာဝရှုခင်း
အလှများကို ခံစားကြည့် ရှုခြင်းတို့ အပါအဝင်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး