မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ၂၀၁၃ ကို လာမည့် ဇန်နဝါရီလ ရ ရက် နေ့တွင် ကျင်းပ
သွားမည်ဖြစ်ပြီး ယှဉ်ပြိုင် လိုသူများ စတင်လျှောက်ထားနိုင် ကြောင်း သိရသည်။
ပြိုင်ပွဲကို အလွတ်တန်း (ကျား၊မ) နှင့် လူသစ်တန်း (ကျား၊မ) သတ်မှတ်ကျင်းပ သွားမည်
ဖြစ်သည်။ လျှောက်လွှာများကို မန္တလေးမြို့တော် စည်ပင်သာယာရုံးနှင့် ဗထူးအားကစား
ပြိုင်ကွင်းတို့တွင် တစ်စောင်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် ယခုလ ၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ
၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ဆုကြေးတွေကို အပြီးသတ် မသတ် မှတ်ရသေးပေမယ့် ထိုက်ထိုက်တန်တန် ချီးမြှင့်သွား
မှာပါ"ဟု စည်ပင်သာယာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူး ဦးလတ်မြင့်သိန်း
က နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောသည်။
ပြိုင်ပွဲလမ်းကြောင်းမှာ ၁၃ မိုင်ရှိမည် ဖြစ်ကာ စည်ပင်သာယာရုံးရှေ့မှ စတင် တာထွက်ရမည်
ဖြစ်ပြီး ဗထူးအားကစား ပြိုင်ကွင်းတွင် ပန်းဝင်ရမည်။ မန္တလေး မြို့တော်ဝန် မာရသွန်ပြိုင်ပွဲကို
ပြီးခဲ့သော ၂၀၀၆ ခုနှစ်က နောက်ဆုံးကျင်းပထားသည်။















