လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး အငြိမ့်ပြန်လည် ကပြ

လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး အငြိမ့်ပြန်လည် ကပြ

မန္တလေးမြို့မှ လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေးမှာ ပရိသတ်အား ကပြဖျော်ဖြေခွင့် တရားဝင်
ပြန်လည် မရရှိသေးသော်လည်း ပြင်ပအငြိမ့် ဖျော်ဖြေပွဲများကို ပြီးခဲ့သော နိုဝင်ဘာလ
နောက်ဆုံးပတ်မှ စတင်ခါ ပြန်လည်ကပြ ဖျော်ဖြေနေကြောင်း သိရသည်။

ယခုအခါ အသက် ၆၄ နှစ်ရှိ လူရွှင် တော်ပါပါလေးမှာ ၁၉၉၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ခြံဝင်း အတွင်း လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပွဲ၌ အငြိမ့်ကပြ ဖျော်ဖြေအပြီး ဖမ်းဆီး
ထောင်ချခံရပြီးနောက် ပြင်ပ ဖျော်ဖြေပွဲများကို ပိတ်ပင်ခံထားရသည် မှာ ယခုတိုင်အောင်
ဖြစ်ကြောင်း၊ သို့ရာ တွင် ယခုအခါ ပြင်ပတွင် ပရိသတ်ကို ဖျော်ဖြေချင်စိတ်ကို ချိုးနှိမ်၍မရတော့
သဖြင့် ပြင်ပပွဲလက်ခံကာ ပြန်လည် ကပြ ဖျော်ဖြေနေပြီဖြစ်ကြောင်း လူရွှင်တော်
ပါပါလေးက ပြောသည်။

"ကျွန်တော်ကိုယ့် black list ကို ကိုယ့်ဘာသာ တ့ငအန ူငျအ လုပ်ပစ်လိုက်ပြီး စင်ပေါ်
ပြန်တက်ကနေပါတယ်။ ပါပါလေးတစ်ယောက် တောင်ရှည်ပုဆိုး၊ ခေါင်းပေါင်းနဲ့ အငြိမ့်
ပြန်ကနေပါပြီ။ သူတို့ခွင့်ပြုချက် ပြန်အပေးကို စောင့်မနေနိုင်တော့ဘူး။ ပထမဆုံး ပြင်ပ
ဖျော်ဖြေပွဲစင်မြင့်ကို တက်ရပြီး ပရိသတ် နဲ့ ပြန်ထိတွေ့ခွင့်ရတော့ စိတ်ထဲမှာ ပီတိ
ဖြစ်တယ်။ ထီပေါက်တာထက်တောင် ပိုပြီး ၀မ်းသာမိပါတယ်"ဟု လူရွှင်တော်
နှုတ်ခမ်းမွေးပါပါလေးက ယခုလ ၄ ရက်နေ့က ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင် ခါ ပြည်ကြီးတံခွန်မြို့နယ်ရှိ 'ဇ'ရပ်ကွက် မိသားစု
ဘုံကထိန်၊ မဟာမုနိ ရုပ်ရှင် တော်မြတ် ကြာပစ်ပွဲနှင့် ယခုလ ၅ ရက်နေ့တွင် တမာကုန်း
ရပ်ကွက် ဘုရား ပွဲ၌ ၈၂ လမ်းနှင့် ၃၈ လမ်းထောင့်တွင် အငြိမ့်ခန်းများဖြင့် ပြန်လည်ကပြ
ဖျော် ဖြေခဲ့ကြောင်း သိရသည်။

"ကတာကတော့ ကတာပဲလေ။ ဒါပေမယ့် ၀ီရိယကတော့ ထားရဆဲပဲ ပေါ့။ အိမ်မှာ ဆပ်ပြာ၊
တဘက်တွေ ထည့်ထားတဲ့ အထုပ်ကတော့ အရန် သင့်ပြင်ထားပါတယ်။ ညတစ်ချက်တီး
လောက် တံခါးလာခေါက်ရင် အဆင် သင့် အိတ်ဆွဲပြီးလိုက်သွားရုံပဲ။ သူတို့လည်း ကိုယ့်ကို
စောင့်မနေရတော့ဘူးပေါ့။ ကတဲ့အခါမှာလည်း ပုန်းလျှိုးကွယ်လျှိုး မကပါဘူး၊ ဗီနိုင်းတွေနဲ့
ကြော်ငြာတွေ ကြိုချိတ်ပါတယ်" ဟု ပါပါလေးက ဖြည့်စွက်ပြောသည်။

ယခုဖျော်ဖြေပွဲများ၌ မည်သည့် အနှောင့်အယှက်၊ အတားအဆီးမှ မတွေ့ ကြုံရကြောင်း
ဖြည့်စွက်ပြောသည်။ လူရွှင်တော်ပါပါလေးနှင့် ညီဖြစ်သူ လူမော်တို့မှာ နိုင်ငံခြားသား
ခရီးသွားများ ကို ၎င်းတို့အိမ်တွင် ညစဉ်ကပြ ဖျော်ဖြေနေခါ ယခုအခါ ပါပါလေးမှာပြင်ပတွင်
ပြန်လည်စတင်ကပြခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး