ပြည်ကြီးတံခွန်မြို့နယ်တွင် အင်န်အယ်လ်ဒီပါတီ ရပ်/ကျေး ညီလာခံကျင်းပရာ၌ နည်းလမ်းမကျခြင်းများ တွေ့ရဟုဆို

ပြည်ကြီးတံခွန်မြို့နယ်တွင် အင်န်အယ်လ်ဒီပါတီ ရပ်/ကျေး ညီလာခံကျင်းပရာ၌ နည်းလမ်းမကျခြင်းများ တွေ့ရဟုဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်များတွင်ရပ်ကွက်၊ ကျေးရွာအဆင့်
ညီလာခံများ ကိုစတင်ကျင်းပနေရာ တချို့ရပ်ကွက်များ၌ ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပ
ခြင်းမရှိသည်ကို တွေ့ရကြောင်း ပါတီတွင်း တက်ကြွလှုပ်ရှားသူ တချို့က ပြောသည်။

အင်န်အယ်လ်ဒီပါတီ ဗဟိုညီလာခံကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ သွားမည်ဖြစ်ရာ
ယင်းမတိုင်မီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအဆင့် ညီလာခံများကို
အဆင့်ဆင့် ကျင်းပပြီး ညီလာခံကိုယ်စားလှယ်များကို ရွေးချယ်သွားမည်ဖြစ်သည်။၏

ယခုအခါ ရပ်ကွက်အဆင့်ညီလာခံများကို စတင်ကျင်းပနေကြကာ အဆိုပါအဆင့်မှာအခြေခံ
ကျပြီး အရေးအပါဆုံး အဆင့်ဖြစ်ကြောင်း ပါတီဝင်များကသုံးသပ်သည်။

ညီလာခံမကျင်းပမီ ညီလာခံကျင်းပ ရေးကော်မရှင်အဆင့်ဆင့်ဖွဲ့စဉ် အချိန်ကပင် ပါတီတွင်း၌
ဒီမိုကရေစီ နည်းလမ်း မကျဟူသောအသံများမှာ အချို့နေရာများတွင် ပေါ်ထွက်ခဲ့ပြီး ပြည်ကြီး
တံခွန် မြို့နယ်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ယခု ရပ်ကွက်၊ ကျေးရွာအဆင့် ညီလာခံများကို
လက်တွေ့ကျင်းပသော အချိန်တွင်လည်း နည်းလမ်းမကျဘဲ လက်မခံနိုင်ဖွယ်ကိစ္စရပ်များကို
တွေ့ရကြောင်း ပါတီတွင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

"ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ရပ် ကွက်ညီလာခံတွေကို နိုဝင်ဘာ ၂၅ ရက် က စတင်ကျင်းပ
ခဲ့တာ လက်ရှိမှာ လေး ရပ်ကွက်က ညီလာခံကျင်းပပြီးပါပြီ။ ဒီအဆင့်ဟာ ရပ်ကွက်၊ ကျေးရွာ
အချင်းချင်း ကျင်းပရတဲ့အဆင့်ပါ။ ဒါကို မြို့နယ်၊ ခရိုင်က တာဝန်ရှိသူတွေက  စွက်ဖက်ပိုင်ခွင့်
မရှိဘဲ လာပြီး ၀င်ရောက်စွက်ဖက်ပါ တယ်။ ဒီမှာရပ်၊ ကျေးညီလာခံ ကျင်းပ ပြီးတဲ့
လေးရပ်ကွက်ထဲမှာ 'ဂ'၊ 'ဃ'၊ နဲ့ 'ယာတော်' ရပ်ကွက်တွေမှာဆိုရင် ရပ်ကွက် ညီလာခံ
လုပ်နေစဉ်မှာ ခရိုင် ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူးက ကိုယ်စားလှယ် အတည်
မပြုရသေးတဲ့ ပုံစံစာရွက်ကို ရပ်ကွက်ကော်မရှင်က တာဝန်ရှိသူတွေကို အတည်ပြု လက်မှတ်
ထိုးခိုင်းပြီး အလွတ်ယူသွားပါတယ်။

"ဒါဟာ ပုံစံစာရွက်ထဲမှာ ကိုယ့်လူ စာရင်းကို ကိုယ်ရွေးပြီးထည့်နိုင်တဲ့အခြေ အနေဖြစ်သွားလို
့ ဒီမိုကရေစီနည်းလမ်း လုံးဝမကျပါဘူး။ ဒါမျိုးမဖြစ်သင့် ကြောင်းကို မြို့နယ်ကော်မရှင်အတွင်း
ရေးမှူးကနောက်တစ်နေ့ အစည်းအဝေး မှာ ထုတ်ဖော်ဆွေးနွေးသွားပါတယ်"ဟု 'ဇ' ရပ်ကွက်မှ
ပါတီတွင်းတက်ကြွ လှုပ်ရှားသူများဖြစ်သော ဦးဝင်းလှိုင်နှင့် ဦးကျော်ကျော်နိုင်တို့က ယခုလ ၃
ရက် နေ့က ပြောသည်။

'ဇ' ရပ်ကွက်တွင် ညီလာခံကျင်းပပါက ထိုကဲ့သို့ကိစ္စရပ်မျိုးကို လက်ခံမည် မဟုတ်ကြောင်း၊
ပါတီဝင် ယာယီကတ် များထုတ်ပေးနေသော်လည်း ၎င်းတို့ရပ် ကွက်တွင် မရသေးသူ
အယောက် ၄၀ ကျော်ရှိဆဲဖြစ်ကြောင်း၊ ကတ်မပါလျှင် ညီလာခံတွင် ပါ၀င်ရွေးချယ်ခွင့်မရဟု
ကြားနေရသော်လည်း ဗဟိုကမူ ပါတီဝင် တိုင်း ပါ၀င်ခွင့်ရရမည်ဟု ဆိုထား ကြောင်း ၎င်းတို့က
ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက် ၁၆ ခုရှိရာ ၎င်းတို့ထဲမှ တစ်ဝက်ခန့် ညီ လာခံကျင်းပ
ပြီးလျှင်ပင် မြို့နယ်အဆင့်  ကို ဆက်လက်ကျင်းပမည်ဆိုသည်မျိုး ကြားနေရကြောင်း၊
ထိုသို့ ရပ်ကွက်အစုံ မကျင်းပရသေးဘဲ မြို့နယ်အဆင့်ကို ဆက်လက်မကျင်းပစေချင်ကြောင်း
နှင့် ကျင်းပမည်ဆိုပါက ကန့်ကွက်သွား မည်ဖြစ်ကြောင်းလည်း မြို့နယ်၊ ရပ်ကွက် ညီလာခံ
ကျင်းပရေးကော်မရှင်မှ တာဝန် ရှိသူအချို့က ဖြည့်စွက်ပြောသည်။

"ပါတီတွင်းမှာ ဒီလိုဒီမိုကရေစီနည်း လမ်းတကျ မသွားချင်တဲ့သူတွေကြောင့် အောက်ခြေ
မှာလည်း စည်းရုံးရေးပျက် ပြားပါတယ်၊ ပါတီလည်း သိက္ခာကျတယ်။ ဗဟိုက တာဝန်ရှိသူ
တွေအနေနဲ့ ရပ်ကျေးအဆင့်တွေကို ပစ်မထားစေချင် ပါဘူး၊ အောက်ခြေကလာတဲ့ အသံတွေ
ကို နားစွင့်ပြီး နည်းလမ်းတကျဖြေရှင်း ပေးစေချင်ပါတယ်။ ကိုယ့်မြို့နယ်ကို လည်း နာမည်
မပျက်စေချင်ပါဘူး။ ခေါင်းဆောင်ကို ယုံကြည်ပါတယ်၊ ပါတီ ကို မယုံကြည်ချင်တော့ပါဘူး။

အခုဆို နိုင်ငံတွင်းမှာ တခြားပဋိပက္ခတွေလည်း ဖြစ်နေကြတာ၊ ကျွန်တော်တို့ ပါတီတွင်း
အောက်ခြေမှာ ဒီလိုဖြစ်နေရတာလည်း စိတ်မကောင်းဘူး"ဟု ပါတီဝင်များဖြစ် သော
ကိုဝင်းငြိမ်းနှင့် ကိုအောင်ငွေတို့က ဖြည့်စွက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး