မန္တလေးခရိုင်ခုနစ်မြို့နယ်အတွင်းရှိဆေးဝါးအရောင်းဆိုင်များကို မန္တလေးတိုင်းဒေသကြီး၊ အစား
အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီက စစ်ဆေးမှုများကိုအပတ်စဉ်၊ လစဉ်စဉ်
ဆက်မပြတ်ပြုလုပ်ခဲ့ရာ စည်းကမ်းညီညွတ်မှုမရှိသော ဆေးဝါးအရောင်းဆိုင်များကို ဆိုင်ပိတ်သိမ်း
သည်အထိ အရေးယူဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထား
သည်။
ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန်၊
သက်တမ်းလွန်ဆေးဝါးများအပ်နှံရန်နှင့် အရည်အသွေးပြည့်ဝပြီး အန္တရာယ်ကင်းရှင်းသော ဆေး
ဝါးများ ပြည်သူလူထုဝယ်ယူသုံးစွဲနိုင်ရေးအတွက် မန္တလေးမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များနှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) (မန္တလေးဌာနခွဲ) တာဝန်ရှိသူများ အကြိမ်ကြိမ်
တွေ့ဆုံပြီး ဆွေးနွေးပညာပေးခြင်းကို ပြုလုပ်ခဲ့သော်လည်း စျေးကွက်အတွင်း စည်းကမ်းနှင့်ညီ
ညွတ်မှုမရှိသော ဆေးဝါးများရောင်းချနေသည့် ဆိုင် ၂၇ ဆိုင်ကို တင်ပြထားကြောင်း အစား
အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနစာရင်းများအရ သိရသည်။
''စည်းကမ်းနဲ့မညီပဲ ဆေးဝါးရောင်းချနေတဲ့ ဆေးအရောင်းဆိုင်တွေကို အမျိုးသားဆေးဝါးဥပဒေ
ပုဒ်မ ၉၊ အခန်း ၁၁ အရ အရေးယူဖို့ ဝန်ကြီးချုပ်ဆီကို တင်ထားပြီးပါပြီ။ စည်းကမ်းလိုက်နာမှုမရှိ
တဲ့ဆေးဆိုင် ၂၇ ဆိုင်လုံးကို အရေးယူတာမျိုးတော့ မဟုတ်သေးဘူး။ အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့
ဆိုင်တွေကိုတော့ အရေးယူပါမယ်၊ ဆိုင်ပိတ်တဲ့အထိ အရေးယူတာတွေလည်းပါတယ်''ဟု
မန္တလေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ
ဒေါက်တာဝင်းနိုင်က မြန်မာတိုင်း(မ်)ကို လွန်ခဲ့သောရက်သတ္တပတ်က ပြောသည်။
ထိန်းချုပ်ဆေးဝါးများရောင်းချခြင်းအတွက် ဆေးအရောင်းဆိုင်လိုင်စင်အပြင် သာမန်ထိန်းချုပ်ဆေး
ဝါးလိုင်စင်လုပ်ဆောင်ပြီးမှ စနစ်တကျသိုလှောင်ရောင်းချရမည်ဖြစ်ပြီး ရောင်းချခွင့်လိုင်စင်မရှိဘဲ
ရောင်းချခြင်းများတွေ့ရှိပါက မူးယစ်အမှုဖြင့် အာမခံချက်မရှိဘဲ အရေးယူသွားမည်ဖြစ်ကြောင်း
ပြောသည်။
''စပ်ဆေးတွေ၊ တွဲဆေးတွေမရောင်းဖို့၊ သက်တမ်းကုန်နေတဲ့ ဆေးဝါးတွေမရောင်းဖို့၊ ဆေးဝါး
မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးတွေမရောင်းဖို့ အကြိမ်ကြိမ်အသိပညာပေးခဲ့ပြီး ရောင်းခဲ့တဲ့ဆိုင်
တွေကိုလည်း အကြိမ်ကြိမ် ကတိဝန်ခံချက်တွေယူခဲ့ပြီးပါပြီ။ ဥပဒေကြောင်းအရ အရေးယူခဲ့တာ၊
တရားစွဲဆိုခဲ့တာ တစ်ခုမှမရှိခဲ့ပါဘူး။ ပြည်သူတွေရဲ့ စီးပွားရေးမထိခိုက်စေချင်လို့ ပညာပေးတာ
ဝန်ခံကတိထိုးတာတွေပဲ လုပ်ခဲ့တယ်။ အဆင့်ဆင့်လုပ်လာခဲ့ကြတာ နောက်ဆုံး ပြည်သူတွေရဲ့
မျက်နှာကိုကြည့်ရမယ်။ ဆေးဝါးအတုတွေ အန္တရာယ်ကနေ ကင်းဝေးသွားဖို့ အခုလို အရေးယူမှု
တွေကိုဆောင်ရွက်တာပါ။ အရေးယူတဲ့နေအထားမှာက စီမံခန့်ခွဲမှုအဆင့်ကနေ ကျော်လာရင်
တော့ တရားစွဲဆိုတာတွေ လုပ်ရတာပါ''ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
(မန္တလေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူ း ဒေါက်တာအေးငြိမ်းမြတ်က မြန်မာတိုင်း(မ်) ကို ပြော
သည်။
''ဆေးဆိုင်အတွက် လိုင်စင်စလုပ်ကတည်းက သတ်မှတ်ချက်တွေ စည်းကမ်းတွေရှိပြီးသားပါပဲ။
ဒါပေမဲ့ ဆိုင်တွေက အများကြီးပဲဆိုတော့ ထိန်းသိမ်းမှုအပိုင်းလေးတွေလည်း လိုအပ်တာတော့
အမှန်ပါပဲ။ ဆိုင်ကြီးတော်တော်များများကတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆေးဝါးတွေကိုပဲ
ရောင်းကြတာပေ့ါ။ လူငယ်တွေနဲ့ဆက်စပ်နေတဲ့ တချို့ ဆေးပစ္စည်းရောင်းတဲ့အခါ အခက်အခဲလေး
တွေနည်းနည်းတော့ ရှိနေပါတယ်''ဟု လှိုင်ကျော်ထက်ဆေးဆိုင်မှ ဦးကျော်ခင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။
၂ဝ၁၆ ခုနှစ်၊ ဧပြီ ၂၇ ရက်က သက်တမ်းလွန်ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်း ကျပ်သိန်း ၁,ဝဝဝ
ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ သိမ်းဆည်းရမိခဲ့သည့် တရားမဝင် သက်တမ်းလွန်ဆေးဝါးပစ္စည်းများ
အပြင် ဆေးကုမ္ပဏီနှင့်ဆေးဆိုင်စုစုပေါင်း ၂၃ ဆိုင်တို့မှ လာရောက်အပ်နှံခဲ့သည့် သက်တမ်းလွန်
ဆေးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်းပါရှိကြောင်း (FDA) ဌာနစာရင်းများအရသိရသည်။
''ဆေးဆိုင်အများကြီးထဲကမှ ဆေးဆိုင် ၂၃ ဆိုင်ပဲအပ်တယ်ဆိုတာ အရေအတွက်အရနည်းတယ်။
အချို့ဆေးဆိုင်တွေက သက်တမ်းလွန်ဆေးတွေအပ်ရင် အရေးယူခံရမှာ ကြောက်နေကြတယ်။
အဲဒီတော့ နီးစပ်ရာအမှိုက်ပုံမှာ ပစ်ကြ၊ ပစ်ထားတဲ့ဆေးတွေကို ကလေးတွေက ပြန်ကောက်ယူ၊
အခြားဆိုင်တွေနဲ့ အရောင်းအဝယ်လုပ်တဲ့သူတွေကို ပြန်ရောင်း၊ ဝယ်ထားတဲ့ဆိုင်တွေကလည်း သက်တမ်းကုန်ရက်တွေကိုပြင်ပြီး ပြန်ရောင်းကြတော့။ စားသုံးသူတွေ ဒုက္ခရောက်ကြရတာပေါ့။
လာအပ်တယ်ဆိုရင် အရေးမယူပါဘူး။ ကျေးဇူးတောင်တင်နေမှာပါ'' ဟု (FDA) မှ ဒုတိယ
ညွှန်ကြားရေးမှူ း ဒေါက်တာကျော်ကျော်ကပြောသည်။
ဆေးဝါးဝယ်ယူသုံးစွဲသူများအနေဖြင့် မိမိဝယ်ယူမည့်ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ
တင်အမှတ် Myanmar Registration Number) ပါမပါနှင့် ဆေးဝါးသက်တမ်းကုန်ဆုံးရက်တို့ကို
ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်းနှင့် တွဲစပ်ဆေးထုတ်များမှာ သောက်သုံးရန်မသင့်
ကြောင်း ၄င်းက ဆိုသည်။















