အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးလသတ်မှတ်ထား၊ ပြီးဆုံးပါက အရေးယူမှု စတင်မည်

အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားရန် ပညာပေးကာလ သုံးလသတ်မှတ်ထား၊ ပြီးဆုံးပါက အရေးယူမှု စတင်မည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လာမည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ အငှား
အိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန် ပညာပေးကာလ သုံးလသတ်မှတ်လိုက်ပြီး
ပညာပေးကာလပြီးဆုံးပါက မလိုက်နာသူများကို စည်ပင်သာယာဥပဒေအရ အရေးယူမည်ဖြစ်
ကြောင်း စည်ပင်သာယာသန့်ရှင်းရေးဌာန ဌာနစုမှူ း ဒေါ်ဝင်းမင်းသန်းက ယခုလ ၁၄ ရက်က
ပြောသည်။

အိမ်ငှားလိုင်စင်စနစ်သည် ဘဏ္ဍာနှစ်သစ်အရ မတ်လကုန်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်
သော်လည်း ပညာပေးကာလအဖြစ် ဧပြီလမှ ဇွန်လအထိ သုံးလသတ်မှတ်ထားကြောင်း ၄င်းက
ပြောသည်။

''ဒီလုပ်ငန်းလိုင်စင် သတ်မှတ်ချက်တွေက အရင်ကတည်းကရှိထားတဲ့ သတ်မှတ်ချက်တွေပါ။ အခု
ပညာပေးကို ကျယ်ကျယ်ပြန့်ပြန့်ထပ်လုပ်ချင်လို့ အချိန်သုံးလထပ်ပေးတာပါ။ သိပြီးလို့ကြိုတင်လာ
လုပ်ချင်ရင်လည်းရပါတယ်။ ပညာပေးကာလအတွင်းမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူ း
တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်'' ဟု ဒေါ်ဝင်းမင်းသန်းက ပြောသည်။

ပညာပေးကာလ သုံးလအတွင်း မန္တလေးနေ့စဉ်သတင်းစာ၌ တစ်လလျှင် အနည်းဆုံးငါးကြိမ်
ဆက်လက် အသိပေးကြေညာသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။ ယခုလိုင်စင်နှင့်ပတ်သက်
ပြီး ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင်လည်း မန္တလေးနေ့စဉ်သတင်းစာ၌ အသိပေး
ကြေညာခဲ့ပြီး ယခု မတ်လ ၁၂ ရက်တွင်လည်း ထပ်မံအသိပေးထားသည်။

အငှားအိမ်ငှားပိုင်ခွင့် လိုင်စင်မလျှောက်ဘဲ အဆောက်အအုံငှားရမ်းခြင်းပြုပါက စာဖြင့်သတိပေး
ခြင်း၊ တရားရုံးတွင် တရားစွဲဆိုပြီး စည်ပင်ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း၊ လိုင်စင်နှုန်းထားကို အိမ်ငှားရမ်းခ၏ ငါးရာခိုင်နှုန်း သတ်မှတ်ထားကြောင်းနှင့် တစ်နှစ် ချင်းပေးဆောင်ရမည်ဖြစ်ကြောင်း ဒေါ်ဝင်းမင်းသန်းက ပြောသည်။

အိမ်ငှားလုပ်ငန်းများမှာ ယခင်ကထက် များစွာဖွံ့ဖြိုးလာပြီး အိမ်ငှားသူများ အခွန်မဆောင်သည့်
အတွက် အခြားသော ဟိုတယ်၊ တည်းခိုခန်း၊ ဘော်ဒါဆောင်စသော အခွန်ဆောင်ထားသော
လုပ်ငန်းရှင်များ နစ်နာမှုရှိကြောင်း၊ ယခုအခါ တစ်ပြေးတည်းဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကာ
အခွန်လွတ်နေသူများကိုပါ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သန့်ရှင်းရေးဌာန ဌာနခွဲမှူ းဦးစိုးတင့်
အောင်က အငှားအိမ်ငှားပိုင်ခွင့်လိုင်စင်ကိစ္စကို စတင်အသိပေးကြေညာစဉ်က ပြောသည်။

မန္တလေးမြို့တွင် လက်ရှိအိမ်ခြံမြေအရောင်းအဝယ်မှာ နှေးကွေးနေကာ အငှားစျေးကွက်မှာမူ စျေး
ကွက်တောင်းဆိုမှု ပုံမှန်ရှိနေပြီး အထူးသဖြင့် မြို့တွင်းနေရာကောင်းများ၌ ငှားရမ်းခနှုန်းထားမှာ
ပျမ်းမျှအောက်ထစ် ကျပ် ၁၅ သိန်းဝန်းကျင်အထိခေါ်စျေးရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး