ကိုဆွေဝင်းကိုအမှုဖွင့်ထားသည့် မဘသအဖွဲ့ဝင်ကိုကျော်မျိုးရွှေကို စမ်းချောင်းမြို့နယ်တွင်နေထိုင်သူ
ဒေါ်မြမြဌေးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့မရဲစခန်းတွင်
မတ်လ ၈ ရက်က အမှုဖွင့်ထားသည်။
''ကျွန်တော်တင်တဲ့ ပို့စ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အသရေဖျက်တယ်
ဆိုပြီး ၆၆(ဃ) နဲ့ ဖွင့်တာ''ဟု ကိုကျော်မျိုးရွှေက ပြောသည်။
၄င်းအား အမှတ်(၇) ရဲစခန်းမှ ရဲအုပ်ကျော်သူက facebook တွင်တင်သောပို့စ်များနှင့်ပတ်သက်ပြီး
တရားစွဲဆိုထားကြောင်း၊ စမ်းချောင်းမြို့နယ်မှ ဒုရဲအုပ်တစ်ယောက်ရောက်ရှိနေကြောင်းနှင့် အမှု
စစ်ခံရန် ရဲစခန်းသို့လာရောက်ရန် အကြောင်းကြားသဖြင့် လာရောက်အစစ်ခံခြင်းဖြစ်ကြောင်း
၄င်းက မတ်လ ၁၃ ရက်က ပြောသည်။
''ကျွန်တော်တင်တဲ့ ပို့စ်တစ်ခုကို ဥပမာပြောရရင် ဒီတစ်ခါတပ်မတော်က အာဏာသိမ်းရင် သမိုင်း
တရားခံက ဗိုလ်ချုပ်သမီးလို့ တင်လိုက်တယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်မပါဘူး။
မြန်မာပြည်မှာ ဗိုလ်ချုပ်တွေကလည်း အများကြီးပဲ။ တရားရုံးရောက်မှ ဖြေရှင်းတော့မယ်''ဟု
၄င်းက ဆိုသည်။
၄င်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းသည် ကိုဆွေဝင်းအား အမှုဖွင့်
ခြင်းအပေါ် ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်ဟု ကိုကျော်မျိုးရွှေက ဆိုသော်လည်း ဒေါ်မြမြဌေးကမူ
ငြင်းဆိုသည်။
''ကိုဆွေဝင်းကိုစွဲလို့ သူ့ကိုစွဲတာမဟုတ်ပါဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း
စုကြည်ကို အသရေဖျက်လို့စွဲတာ။ ရှေ့မှာလည်း နှစ်ယောက်ကို တရားစွဲခဲ့ဘူးတယ်''ဟု ဒေါ်မြမြ
ဌေးက ပြောသည်။















