သခင်ဗဟိန်း ရာပြည့်နှစ်တွင် အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင် စိုက်ထူမည်

သခင်ဗဟိန်း ရာပြည့်နှစ်တွင် အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင် စိုက်ထူမည်

ယခုနှစ် ဇွန် ၆ ရက်တွင်ကျရောက်မည့် သခင်ဗဟိန်း ရာပြည့်နှစ်အထိမ်းအမှတ် အခမ်းအနားတွင်
၄င်း၏အကြောင်းခြင်းရာ အစုံပါဝင်သည့် ကမ္ပည်းကျောက်စာတိုင်ကို မန္တလေးမြို့၊ ချမ်းမြသာစည်
မြို့နယ်၊ သူကြွယ်ကုန်းရှိ အာဇာနည်ဗိမာန်တွင် စိုက်ထူသွားမည်ဖြစ်ကြောင်း သခင်ဗဟိန်းရာပြည့်
ကျင်းပရေးကော်မတီဝင်များက ယခုလ ၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်း
ပွဲတွင် ပြောသည်။

''သခင်ဗဟိန်းဆိုတာ ဗိုလ်ချုပ်လိုပဲ မြန်မာ့သမိုင်းမှာ အရမ်းအရေးပါခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ကျိုးထက်
နိုင်ငံရဲ့ အကျိုးကိုပဲ ကြည့်ခဲ့တဲ့သူတစ်ယောက် ဖြစ်တယ်။ ဒီလို အာဇာနည်မျိုးကို ကျွန်တော်တို့အနေ
နဲ့ဂုဏ်ပြုပေးရပါမယ်''ဟု ရာပြည့်ပွဲကျင်းပရေးကော်မတီမှ ဦးညီဇေမင်းက ပြောသည်။

သခင်ဗဟိန်း ရာပြည့်အထိမ်းအမှတ်ပွဲတွင် ပန်းချီပြပွဲများ၊ အထိမ်းအမှတ်မဂ္ဂဇင်းနှင့်အထိမ်းအမှတ်
ကဗျာစာအုပ်များပါ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ်၊ ဇွန်လအတွင်း အင်းဝမြို့၊ ကိုင်းတိုင်းရပ်တွင်မွေးဖွားခဲ့ပြီး မန္တလေး
ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် တက်
ရောက်နေစဉ် ရေနံမြေသပိတ်ပေါ်ပေါက်ခဲ့ရာမှ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပြီး မကွေးမြို့၊
မဲထီးကျောင်းတိုက်၌ ပြုလုပ်သော ဟောပြောပွဲတွင် သခင်ဗဟိန်း ပြောကြားခဲ့သော 'မြင်းခွာ
တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမည်' ဟူသော စကားမှာ နိုင်ငံအနှံ့ ပျံနှံ့ခဲ့သလို မြန်မာ
နိုင်ငံ လွပ်လပ်ရေးအတွက် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေတို့နှင့်အတူ မြေအောက်
ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဗမာ့ထွက်ရပ်ဂိုဏ်း ပေါ်ပေါက်စေရေးအတွက်လည်း
ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။

ထို့ပြင် ဖက်ဆစ်တော်လှန်ရေးအတွက်လည်း နေရာအနှံ့ စည်းရုံးရေးများ လုပ်ဆောင်ခဲ့ကြပြီး
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာတွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး