ငလျင်ဒဏ်ခံထားရသည့်သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တရုတ်နိုင်ငံမှ အဆိုပြု

ငလျင်ဒဏ်ခံထားရသည့်သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တရုတ်နိုင်ငံမှ အဆိုပြု

ပြီးခဲ့သည့်နှစ်၊ သြဂုတ်လက ချောက်မြို့နယ်ကို ဗဟိုပြုကာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားများအနက် သဗ္ဗညု
ဘုရားကိုပြင်ဆင်ခွင့်ပေးရန် တရုတ်နိုင်ငံမှ အဆိုပြုထားကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူ းဦးအောင်ကျော်ကျော်က ယခုလ ရ
ရက်က ပြောသည်။

''တရုတ်နိုင်ငံဘက်ကနေ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ဘုရားတွေ ပြုပြင်ထိန်းသိမ်းဖို့ဆွေးနွေးပွဲ
မှာတောင်းဆိုခဲ့တာပါ။ သူတို့ တောင်းဆိုထားတာကိုတော့ ကျွန်တော်တို့ဘက်ကနေ မူအားဖြင့်ပဲ
သဘောတူထားတယ်။ ပြင်ဆင်ခွင့်အဆိုနဲ့ပတ်သက်ပြီး တော်တော်လေး အချိန်ယူပြီးဆောင်ရွက်
ရမှ ဖြစ်ပါတယ်။ အခုကတော့ သူတို့ တောင်းဆိုထားတာကို ပြန်လည်သုံးသပ်နေပါတယ်'' ဟု
ဦးအောင်ကျော်ကျော်က ပြောသည်။

တရုတ်နိုင်ငံဘက်မှ သဗ္ဗညုဘုရားကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုမှုကို မြန်မာနိုင်ငံဘက်မှ
လက်ခံမည်ဆိုပါက နှစ်နိုင်ငံယဉ်ကျေးမှုဌာနအချင်းချင်း ပြင်ဆင်ခွင့် သဘောတူ စာချွန်လွှာ
ရေးထိုးရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါသဗ္ဗညုဘုရားကို UNESCO မှ ပညာရှင်များနှင့်
မြန်မာနိုင်ငံဘက်မှ အင်ဂျင်နီယာများက အရေးပေါ်ထိန်းသိမ်းဆောင်ရွက်ခြင်းများ လုပ်ဆောင်
ဗနကြောင်း ဦးအောင်ကျော်ကျော်ထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး