တိုင်းဒေသကြီးအတွင်း တရားမဝင် တိရစ္ဆာန်ထွက်ပစ္စည်းများ မဝင်စေရန် ကြပ်မတ်

တိုင်းဒေသကြီးအတွင်း တရားမဝင် တိရစ္ဆာန်ထွက်ပစ္စည်းများ မဝင်စေရန် ကြပ်မတ်

မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် တရား
မဝင်တင်သွင်းလာသည့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရန်အတွက် ကော်မတီ
များဖွဲ့စည်း၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းက ယခုလအစောပိုင်းက မြန်မာတိုင်း(မ်)
ကို ပြောသည်။

အိမ်နီးချင်းနိုင်ငံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိနေသောကြောင့် ယင်းနိုင်ငံများ
ဖြင့် အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများမှ တရားမဝင်
တင်သွင်းလာသည့် တိရစ္ဆာန်ထွက်ပစ္စည်းများ ဝင်ရောက်မလာစေရန် တားဆီးသွားမည်ဖြစ်
ကြောင်း ၄င်းက ပြောသည်။

''အိမ်နီးချင်းနိုင်ငံတွေမှာက ကြက်တုပ်ကွေးရောဂါ ဖြစ်ပွားနေတာတွေကို ကြားသိနေရပါတယ်။
တိုင်းဒေသကြီးအတွင်းကိုလည်း တရားမဝင် တိရစ္ဆာန်ထွက်ပစ္စည်းတွေ တင်သွင်းနေတာတွေ
လည်းရှိတယ်။ အဓိကတော့ အေးခဲအသားတွေပေါ့။ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် တိုင်း
ဒေသကြီးအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ကော်မတီ မှာ ဌာနပေါင်းစုံ ပါဝင်နိုင်အောင် ဆောင် ရွက်ထားပါတယ်။ အဓိကလုပ်ငန်းတာဝန်ကတော့ ဒီလိုကိစ္စတွေကို အထူးကြပ်မတ်ထိန်းချုပ်သွား
ဖို့ပါ''ဟု ဝန်ကြီးက ဆိုသည်။

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ တရားမဝင်
ကုန်သွယ်မှုထိန်းချုပ်ရေးကော်မတီကို ယခုလ အစောပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်း
ကော်မတီတွင် တိုင်းဒေသကြီး ကျန်းမာရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့များ၊ စည်ပင်သာယာရေး
ကော်မတီ၊ မြန်မာ့မီးရထားအဖွဲ့များ၊ မြန်မာ့ရေကြောင်းအဖွဲ့အစည်းများ၊ အကောက်ခွန်ဌာနများ၊
ခရိုင်အုပ်ချုပ်ရေးမှူ းများ၊ မွေးမြူရေးအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မန္တလေးဒေသနှင့် စစ်ကိုင်းဒေသတို့တွင် ၂ဝဝ၆
ခုနှစ်၌ စတင်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၅ ခုနှစ်အထိ စုစုပေါင်း ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်
ရောဂါကျရောက်စဉ်ကလည်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့ ပါဝင်ခဲ့ကြောင်း မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ သိရသည်။

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းကလည်း မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ကြက်ငှက်တုပ်ကွေး
ရောဂါဖြစ်ပွားခဲ့သဖြင့် ဇုန်အတွင်းမွေးမြူထားသော ကြက်နှင့်ငုံးများကို ဖျက်ဆီးခဲ့ရကာ ဆုံးရှုံးမှု
တန်ဖိုး ကျပ်သန်း ၆ဝဝ ကျော်ရှိခဲ့သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး