ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မန္တလေးတွင် ကျင်းပမည်

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မန္တလေးတွင် ကျင်းပမည်

မြန်မာနိုင်ငံအတွင်း ရင်းနှီးချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲနေထိုင်ခဲ့ကြသည့် ဘာသာပေါင်းစုံ
ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မတ် ၁၈ ရက်တွင် မန္တလေးမြို့
မြို့တော်ခန်းမ (၁) ၌ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါပွဲတွင် ဘာသာပေါင်းစုံ တာဝန်ရှိသူများအပြင် နိုင်ငံတော်ပြည်ထောင်စုအဆင့် တာဝန်
ထမ်းဆောင်နေသည့် တာဝန်ရှိသူများကိုပါဖိတ်ကြားကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယခုလ
၁၃ ရက်က အဆိုပါအခမ်းအနားဖြစ်မြောက်ရေးတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားလိုက်သည်။

''ကျွန်တော်တို့အားလုံး မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးကို တကယ့်ကိုဖွံ့ဖြိုးတိုးတက်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ ခက်ခက်ခဲခဲနဲ့ အရောက်သွားဖြေရှင်းဖို့ အထိရည်မှန်းပါတယ်။
ဒီအတွက် အခမ်းအနားကိုလုပ်ကြမယ်။ လက်ရှိ အနိုင်ရပါတီအနေနဲ့က အောင်မြင်အောင်ပူးပေါင်း
ကူညီဆောင်ရွက်ပေးတာပါ''ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းဦးက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဘဏ္ဍာရေး၊ ပြန်ကြားရေး၊ ကြိုဆိုဧည့်ခံရေး၊ လုံခြံုရေး
နှင့်အခမ်းအနားပြင်ဆင်ရေး အစရှိသည့် ကော်မတီငါးဦးဖွဲ့စည်းကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး
ကော်မတီအလိုက် ဘာသာပေါင်းစုံပါဝင်ကာ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၄င်းက
ပြောသည်။

ပြည်ထောင်စုအဆင့် တာဝန်ရှိသူများကိုပါ ဖိတ်ကြားထားသည့် အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်
နိုင်ရန် ကန့်သတ်ဖိတ်ကြားသွားမည်ဖြစ်ပြီး ဖိတ်ကြားခံရသူများသည် ဖိတ်စာနှင့်အတူ သတ်မှတ်
ကတ်ပြားပါမှသာ တက်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ဖိတ်စာနဲ့တကွပါမှသာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘာသာတစ်ခုချင်းစီအလိုက် ပါသင့်ပါ
ထိုက်တဲ့လူတွေ တက်ရောက်နိုင်ဖို့ ဖိတ်ကြားသွားမှာဖြစ်သလို အစိုးရအဖွဲ့ကလည်း ဖိတ်ကြား
ရမယ့်သူတွေလည်း ပါပါမယ်။ တခြားကျန်တဲ့ လူမှုရေးအဖွဲ့အစည်းတွေလည်းပါဝင်နိုင်ဖို့ ဖိတ်ကြား
သွားမယ်။ မန္တလေးမြို့မှာ အခြေချနေထိုင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြား
သွားမှာပါ''ဟု ခရစ်ယာန်သာသနာဘုန်းတော်ကြီး ဦးဇော်ဝင်းအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး