ပြင်ဦးလွင်ယိုစုံများကို အက်ဖ်ဒီအေစစ်ဆေး

ပြင်ဦးလွင်ယိုစုံများကို အက်ဖ်ဒီအေစစ်ဆေး

စားသုံးသူပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယိုစုံအများဆုံး
ထုတ်လုပ်ရောင်းချနေသည့် ပြင်ဦးလွင်မြို့ရှိ ယိုစုံများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာန (မန္တလေး) ဌာနခွဲက ယခုလ ၁၄ ရက်မှစတင်ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း
၄င်းဌာနမှ သိရသည်။

ယခုကဲ့သို့စစ်ဆေးနိုင်ရန် ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၊ စည်ပင်သာယာရေးကော်မတီ၊
ပြည်သူ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းကာလုပ်ဆောင်ခြင်းဖြစ်သည်။

''ပြင်ဦးလွင်မှာ ရှိသမျှယိုစုံအားလုံးကို cover ဖြစ်အောင် နမူနာကောက်ယူပြီး စစ်ဆေးသွားမယ်။
အဖြေထွက်ဖို့ကတော့ တစ်ပတ်လောက်ကြာမယ်။ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုအရ ဟင်းချိုမှုန့်တွေ၊
မျှစ်၊ ငါးပိ၊ လက်ဖက်၊ ငရုတ်သီးမှုန့်နဲ့အခြား စစ်ဆေးလို့ရမယ့် ပစ္စည်းတွေကိုလည်း စစ်ဆေးသွား
မယ်'' ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူ းဒေါက်တာ
ကျော်ကျော်က မြန်မာတိုင်း(မ်) ကို ပြောသည်။ ြ

ပြင်ဦးလွင်မြို့မှ ယိုစုံ၊ မလိုင်မုန့်အပါအဝင် စားသောက်ကုန်ပစ္စည်း ၆၆ မျိုးကိုလည်း မန္တလေးဓာတ်
ခွဲခန်းတွင် စစ်ဆေးရန်ယူဆောင်ခဲ့သည်ဟု ၄င်းက ပြောသည်။ ပြင်ဦးလွင် မြို့မစျေးကြီးအတွင်း
ရောင်းချနေသည့် ကုန်ပစ္စည်းများကိုလည်း ၄င်းနေ့တွင်ပင် ရွေ့လျားဓာတ်ခွဲစမ်းသပ်မော်တော်
ယာဉ်ဖြင့် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ရွေ့လျားဓာတ်ခွဲ စမ်းသပ်မော်တော်ယာဉ်ဖြင့် စျေးကြီးအတွင်းရောင်းချနေသည့် ပဲပြား၊ သရက်ချဉ်၊
မုန့်ဖတ်၊ ခေါက်ဆွဲခြောက်၊ လက်လုပ်ချဉ်အစရှိသည့် စားသောက်စရာများကို ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေါက်တာကျော်ကျော်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး