ထိုင်းမှ သံပရာသီးများကြောင့် မြန်မာ့သံပရာသီး စျေးကွက်ပျက်နေဟုဆို

ထိုင်းမှ သံပရာသီးများကြောင့် မြန်မာ့သံပရာသီး စျေးကွက်ပျက်နေဟုဆို

ထိုင်းနိုင်ငံဘက်မှ သံပရာသီးများ ဝင်ရောက်နေမှုကြောင့် မြန်မာ့သံပရာသီးများစျေးကွက်ပျက်နေ
သည်ဟု မန္တလေးတိုင်းဒေသကြီး၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်
တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က ယခုလ ၂ ရက်က ပြောသည်။

''ထိုင်းဘက်ကနေ ဝင်နေတဲ့အတွက် သံပရာသီးစျေးကွက်က ပျက်နေတာပါ။ ပုံမှန်ဆိုရင် ဒီလိုလ
တွေက စျေးကောင်းရတဲ့လတွေပါ။ အခုတော့ စျေးကွက်က တော်တော်လေးပျက်နေတယ်။
တောင်သူတွေလည်း တွက်ခြေမကိုက်လို့ စိတ်ညစ်နေကြတယ်'' ဟု ၄င်းက ပြောသည်။

သံပရာသီးအများဆုံးထွက်သည့် ဇန်နဝါရီမှ မတ်လထိသည် စျေးအရဆုံးဖြစ်သော်လည်း ယခုနှစ်
တွင်ထိုင်းမှ တရားမဝင် ဝင်ရောက်မှုများရှိနေသဖြင့် တားဆီးပေးရန် ကုန်သွယ်ရေးဦးစီးဌာန
(မန္တလေးတိုင်းဒေသကြီး) နှင့် သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်း ရန်ကုန်တိုင်းဒေသကြီးတို့ထံကိုလည်း စာတင်ပြီးအကူအညီတောင်း
ခံထားကြောင်း ဦးနေလင်းမောင်မောင်က ဆိုသည်။

''တားဆီးပေးဖို့ သက်ဆိုင်ရာဌာနတွေကို စာတင်ပြီးတော့ အကူအညီတောင်းခံထားပါတယ်။ ဒီနှစ်
ကတော့ စျေးကွက်အပျက်ဆုံးပါပဲ။ သံပရာသီးက စျေးကောင်းရတာ သုံးလပါပဲ။ ကျန်တဲ့လတွေက
စျေးမရဘူး''ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က သံပရာသီး ပိဿာချိန် ၄ဝ ဝင် တစ်အိတ်ကို ကျပ် ၂ဝ,ဝဝဝ ကျော်ရသော်လည်း ယခု
နှစ်တွင် တစ်အိတ်ကို ကျပ် ၁ဝ,ဝဝဝ ကျော်သာ ရရှိကြောင်း၊ မြန်မာ့သံပရာသီးများကိုလည်း
ထိုင်ဝမ်နိုင်ငံသို့ တင်ပို့ရန်အတွက် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ဦးနေလင်းမောင်မောင်က
ပြောသည်။

''ထိုင်ဝမ်ကိုပို့ဖို့ အသီးအရည်အသွေးတွေကောင်းအောင်ရယ်၊ အသီးထွက်တဲ့နှုန်းတန်ချိန်တွေပိုပြီး
ထွက်အောင်ရယ် လုပ်ဆောင်နေပါတယ်။ ပို့ဖို့လည်း အားလုံးချိတ်ဆက်ပြီးပါပြီ။ အဲဒီအတွက်
သံပရာသီးအစုအဖွဲ့လည်း ဖွဲ့စည်းထားပါတယ်''ဟု ၄င်းက ပြောသည်။

မြန်မာ့သံပရာသီးများ စျေးကွက်ကောင်းမွန်ခိုင်မာရန်၊ အရည်အသွေးများ ကောင်းမွန်ရန်၊ နည်း
ပညာဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပနိုင်ငံမှ တရားမဝင်ဝင်ရောက်မှုများကို တားဆီးကာကွယ်ရန်
အတွက် သံပရာသီးအစုအဖွဲ့ကို ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့စည်းထားခဲ့ကြောင်း ဦးနေလင်းမောင်
မောင်က ပြောသည်။

''အခုဆိုရင် သံပရာသီးအစုအဖွဲ့မှာ တောင်သူအယောက် ၆ဝ လောက် ပါဝင်ပါတယ်။ အစုအဖွဲ့
ဖွဲ့ရတာလည်း တောင်သူတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ။ ကျန်တဲ့လတွေမှာလည်း အခုလိုတရား
မဝင် ဝင်ရောက်နေသေးရင် တောင်သူတွေအရှုံးပေါ်ပါပြီ''ဟု ၄င်းက ပြောသည်။

သံပရာသီးများကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်နှင့် အမရပူရမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြပြီး စျေးကောင်းအရဆုံးကာလ မဟုတ်သည့် ကျန်သည့်လများတွင် ပိဿ     ချိန် ၄ဝ ဝင်
တစ်အိတ်ကို ကျပ် ရ,ဝဝဝ မှ ကျပ် ၁ဝ,ဝဝဝ သာရကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး