မန္တလေးမြို့သို့ ပထမဆုံး ရောက်ရှိလာသော ဇိမ်ခံမှန်လုံကားကြီးဖြင့် အငှားဝန်ဆောင်မှုပေးမည်

မန္တလေးမြို့သို့ ပထမဆုံး ရောက်ရှိလာသော ဇိမ်ခံမှန်လုံကားကြီးဖြင့် အငှားဝန်ဆောင်မှုပေးမည်

မန္တလေးမြို့သို့  ပထမဆုံးရောက်ရှိလာ သော ဇိမ်ခံမှန်လုံကားကြီး (Limousine) ကို အငှား
၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်း UD Group မော်တော်ယာဉ် အငှား ၀န်ဆောင်မှုလုပ်ငန်းထံမှ
သိရသည်။

"ဒီဇိမ်ခံမှန်လုံကားကြီးကို ပန်းအလှတွေဆင်ပြီး လူကြီးပွဲတွေ၊ အလှူပွဲတွေ၊ မင်္ဂလာပွဲတွေမှာ
၀န်ဆောင်မှုပေးပါမယ်။ မန္တလေးကနေ ရန်ကုန်၊ မန္တလေးကနေ နေပြည်တော်သွားချင်တယ်
ဆိုရင်လည်း ၀န်ဆောင်မှုပေးပါမယ်။  နိုင်ငံခြားမှာ ဒီလိုဇိမ်ခံကားကြီးတွေနဲ့ မင်္ဂလာဆောင်
တွေမှာ ခမ်းခမ်းနားနား ၀န်ဆောင်မှုပေးနေတာ တွေ့ဖူးတော့ ကိုယ့်နိုင်ငံမှာလည်း Standard
တစ်ခုအနေနဲ့ ၀န်ဆောင်မှုပေးဖို့ စလုပ်ဖြစ်တာပါ"ဟု UD Group မော်တော်ယာဉ် အငှား
၀န်ဆောင်မှု လုပ်ငန်းမှ ဦးခင်မောင်ဝင်းက ပြောသည်။

၀န်ဆောင်မှုပေးမည့် ယာဉ်မောင်းမှာ ယူနီဖောင်းဝတ်ဆင်မည်ဖြစ်ပြီး ယာဉ်မောင်းကျွမ်းကျင်
သူ၊ အန္တရာယ်ကင်း အောင်မောင်းနှင်နိုင်သူ၊ လမ်းကျွမ်းကျင်သူ၊ ဘာသာစကားကျွမ်းကျင်သူ၊
ရုပ်ရည် သန့်ပြန့်သူဖြစ်ရမည်ဟု သတ်မှတ်ထား ကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ ဇိမ်ခံမှန်လုံကားကြီးကို အမေ ရိကန်နိုင်ငံမှ တင်သွင်းခဲ့ပြီး ၂၀၀၄ မော်ဒယ် Lincoln
အမျိုးအစားဖြစ်ကာ အရှည် ၃၂ ပေ ရှိကြောင်း၊ ကျပ်သိန်း ရ၀၀ နှင့် ၁,၀၀၀ ကြား တန်ဖိုးရှိ
ကြောင်း သိရသည်။

"၀န်ဆောင်ခအနေနဲ့ တစ်ရက်ကို ကျပ်ငါးသိန်းပါ။ အဲဒီလိုကားတွေကို သွင်းချင်တယ်
ဆိုရင်လည်း သွင်းပေးပါ့မယ်။ ၀ယ်ချင်တယ်ဆိုရင်လည်း ရောင်းပေးပါ့မယ်။ ၀န်ဆောင်ခကို
တော့Percentage နဲ့ သတ်မှတ်ပါမယ်။ လိုချင်တဲ့မော်ဒယ်ရယ်၊ ရမယ့်နိုင်ငံပေါ်
မူတည်ပြီး ပြောင်းသွားပါမယ်"ဟု ဦးခင်မောင်ဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး