သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်

သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်

မန္တလေးတိုင်းအတွင်းရှိ သောက်ရေသန့်ထုတ်လုပ်သောလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်
အညီ ထုတ်လုပ်နေမှုရှိမရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း အစား
အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူ းဒေါက်တာ
ကျော်ကျော်က ပြောသည်။

သတ်မှတ်ချက်များနှင့်မညီပဲ ထုတ်လုပ်နေသော ရေသန့်လုပ်ငန်းများကို စစ်ဆေးတွေ့ရှိရပါက
ဆက်လက် ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ခံဝန်ထိုးခိုင်းမည်ဖြစ်ပြီး မလိုက်နာပါက လုပ်ငန်းလိုင်စင်
ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ဒေါက်တာကျော်ကျော်က ပြောသည်။

''စက်ရုံတစ်ရုံကို တစ်နှစ်ကို အနည်းဆုံးနှစ်ကြိမ်လောက် ရှောင်တခင်ဝင်စစ်ပါမယ်။ FDA
ထောက်ခံချက်ရထားပြီးတဲ့ လုပ်ငန်းတွေကိုလည်း ဝင်စစ်မှာပါ။ တခြားအစားအသောက်၊ ဆေးဝါး
လုပ်ငန်းတွေကို စစ်ဆေးရင်းနဲ့လည်း အဲဒီမြို့နယ်အတွင်းမှာရှိတဲ့ ရေသန့်လုပ်ငန်းတွေကိုပါ ဝင်စစ်
တာမျိုးလုပ်သွားမယ်''ဟု ဒေါက်တာကျော်ကျော်က မတ် ၂၁ ရက်တွင် ပြောသည်။

သောက်ရေသန့်လုပ်ငန်းများအတွက် လျှောက်လွှာလက်ခံခြင်း၊ ရေကိုစစ်ဆေးခြင်းများမှအစ
မန္တလေးရုံးခွဲတွင်လုပ်ဆောင်ရန် နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး
ဌာနမှ ပြီးခဲ့သော ဖေဖော်ဝါရီလမှစပြီး လွှဲပေးထားကြောင်း၊ လုပ်ငန်းစဉ်များအားလုံးကို မန္တလေး
မြို့တွင် အပြီးအစီးလုပ်ပြီး နေပြည်တော်သို့ပေးပို့ရမည်ဖြစ်ကာ နေပြည်တော်မှ ထောက်ခံချက်
ထုတ်ပေးမည်ဖြစ်ကြောင်း ပြောသည်။

''ပြီးခဲ့တဲ့နှစ်က ရေသန့်လုပ်ငန်းပေါင်း ၁ဝဝ ကျော်ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းတစ်ခုကို ပိတ်သိမ်း
အရေးယူခဲ့ရပါတယ်။ ၂ဝ၁၅ ခုနှစ်ကတော့ စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၁၅ ခု လောက်ကို
သတင်းစာထဲကနေ ကြေညာချက်ထုတ်ခဲ့ရတယ်။ ဒီနှစ်ထဲမှာ ဖိဖိစီးစီး ထပ်လုပ်သွားပါမယ်။
စည်းကမ်းနဲ့မညီရင် သတ်မှတ်ချက်နဲ့ညီအောင် ပြန်ပြင်ဆင်ပြီးမှ ထုတ်လုပ်ခွင့်တရားဝင်ပြန်
လျှောက်ခိုင်းမယ်။ ပြီးရင် ပြန်စစ်ဆေးပြီးမှ နေပြည်တော်ကနေ ထောက်ခံချက်ပြန်ယူပေးပါမယ်'' ဟု ဒေါက်တာ ကျော်ကျော်က ပြောသည်။

မန္တလေးတိုင်းအတွင်း ရေသန့်လုပ်ငန်းပေါင်း ၁၅ဝ ကျော်ရှိကာ၊ မြို့တွင်း၌ ၁ဝဝ ခန့် ရှိကြောင်း၊
ရေသန့်ထုတ်လုပ်သူများအနေဖြင့် စစ်ဆေးခံရသကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အမြဲလိုက်နာ
လုပ်ဆောင်သင့်ကြောင်း ၄င်းက ပြောသည်။

''ကျွန်တော်တို့ဌာနကလည်း လူထုအားကိုးရတဲ့ဌာနဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ထုတ်
လုပ်သူတွေကလည်း အရည်အသွေးပိုင်းကို သေချာကြည့်ရမှာဖြစ်သလို စားသုံးသူတွေကလည်း
ထောက်ခံချက်ပါမပါ ကြည့်ဖို့လိုအပ်နေပါတယ်''ဟု ဒေါက်တာ ကျော်ကျော်က ပြောသည်။

မန္တလေးမြို့တွင်း၌ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသော သောက်ရေသန့်တံဆိပ်အမျိုးမျိုးတွင် ၂ဝ
လီတာဝင် ရေသန့်တစ်ဘူးလျှင် ပျမ်းမျှ ကျပ် ၄ဝဝ၊ ၄၅ဝ စျေးနှုန်းရှိနေသည်။

''ရေမီတာက လာတဲ့ရေကို အရင်က သောက်ပေမဲ့ အခု ချိုးရေ၊ သုံးရေအတွက်ပဲ သုံးဖြစ်တော့
တယ်။ သောက်ရေသန့်ကို သီးသန့်မှာသောက်တာ ၁ဝ နှစ်ကျော်လောက်ရှိသွားပြီ။ တံဆိပ်အစွဲ
မထားဖြစ်ဘူး၊ အိမ်အရောက်လာပို့တဲ့ တံဆိပ်ကိုပဲ ယူဖြစ်နေတယ်'' ဟု အောင်မြေသာစံမြို့နယ်
တွင်နေထိုင်သူ အိမ်ရှင်မ ဒေါ်စန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး