မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်း၌ ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်စိုက်ပျိုးသီးနှံစိုက်ပျိုးရန်
အတွက်ဟုဆိုကာ သစ်တောမြေများကို ရယူထားကြသော်လည်း စိစစ်ရေးအဖွဲ့၏စစ်ဆေးချက်များ
အရ ယူထားကြသည့် မြေယာအားလုံး၏ ရ၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိကြောင်း တိုင်း
ဒေသကြီးကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့ထံမှ သိရသည်။
သစ်တောမြေ စိစစ်ရေးအဖွဲ့မှ ရရှိလာသည့်အချက်အလက်များအတိုင်း တိုင်းဒေသကြီးလွှတ်တော်
မှတစ်ဆင့် ပြည်ထောင်စုအဆင့်ထိ တင်ပြခြင်းနှင့်အတူ စိစစ်ရေးအဖွဲ့၏ သုံးသပ်ချက်သဘောထား
များကိုပါ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ပြင်ဦးလွင်မြို့ နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။
''သစ်တောမြေက ချပေးတာဆိုတော့ စိုက်ပျိုးရေးစည်းကမ်းကို ရ၅ ရာခိုင်နှုန်းက လိုက်နာဆောင်
ရွက်ခြင်းမရှိပါဘူး။ ဥပဒေနဲ့ကို မညီကြပါဘူး။ အခုဆိုရင် ၈ဝ ရာခိုင်နှုန်းလောက်အထိကို အရောင်း
အဝယ်လုပ်ထားကြပြီ။ တစ်ဦးတစ်ယောက်ထဲတင် ယူထားတဲ့ဧကတွေ အများကြီးပဲ။ ဗဟိုတင်တဲ့
အပေါ် မှာမူတည်ပြီး ဆုံးဖြတ်နိုင်အောင် ဖိအားပေးဆောင်ရွက်သွားမယ်'' ဟု ဦးအောင်မင်းက
မြန်မာတိုင်း(မ်) ကို ပြောသည်။
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး
လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပြင်ဦးလွင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်
(၁) မှ ဦးအောင်မင်းက ''သစ်တောဦးစီးဌာနမှ သစ်တောမြေများကို ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင်
စိုက်ခင်းဧကများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကသို့ ဧကများစွာချထားပေးခဲ့ပြီး
ဥပဒေမဲ့အကွက်ရိုက်ရောင်းချခြင်း၊ လွှဲပြောင်းရောင်းချခြင်းများကို ထိရောက်စွာ အရေးယူဆောင်
ရွက်ရန် တိုက်တွန်းကြောင်း'' အဆိုကိုတင်သွင်းခဲ့ရာ လွှတ်တော်၏သဘောထားကိုရယူပြီး
လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သည့် စိစစ်ရေးအဖွဲ့ကိုဖွဲ့ကာ စိစစ်ခြင်းမှ ယခုကဲ့သို့
စာရင်းအချက်အလက်များ ရခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့ဝင် ၁၅ ဦးကို အဖွဲ့သုံးဖွဲ့ ခွဲ့ကာ ကော်ဖီစိုက်ခင်းစိစစ်ရေးအဖွဲ့၊ ပိုးဇာနှင့်နှစ်ရှည်ကျွန်း
ပင်စိုက်ခင်းစိစစ်ရေးအဖွဲ့ဟုခွဲကာ စိစစ်ခြင်းများပြုလုပ်ခဲ့ရာ စိစစ်ဆဲအချိန်အတွင်း၌် လုပ်ငန်းရှင်
အချို့က စတင်စိုက်ပျိုးခြင်းများ လုပ်ဆောင်လာကြခြင်းလည်းရှိနေကြောင်း ဦးအောင်မင်းက
ဆိုသည်။
''စိစစ်တဲ့အချိန်မှ စိုက်ဖို့ပျိုးဖို့လုပ်ကြတယ်။ ဒါတွေကလည်း စည်းကမ်းချက်နဲ့ မညီညွတ်သလို
လက်ရှိဖြစ်ထွန်းနေတဲ့ ဒေသမျိုးရင်းတွေကိုတောင် ပျက်စီးပျောက်ကွယ်သွားစေတယ်။ ဒါကို
လက်ခံတဲ့ဌာနတွေရှိပေမဲ့ ကျွန်တော်တို့အဖွဲ့ကတော့ လုံးဝလက်မခံပါဘူး။ အစီရင်ခံစာထဲမှာ
အတိအကျ ထည့်သွင်းရေးသွားမှာပါ''ဟု ဦးအောင်မင်းက ပြောသည်။
ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်စိုက်ပျိုးသီးနှံစိုက်ပျိုးရန်အတွက်ဟုဆိုကာ သစ်တောမြေများကို ရယူထား
ကြကာ စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုဘဲ ပြန်လည်ရောင်းချခြင်း၊ မြေလက်ဦးရယူထားခြင်း၊ စိုက်ပျိုးမြေ
များအတွင်း တိုက်တာအိုးအိမ်များဆောက်ကာ နေထိုင်ခြင်းများ ပြုလုပ်နေကြသည်ကို စိစစ်တွေ့ရှိ
နေရကြောင်း စိစစ်ရေးအဖွဲ့ဝင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်
စားလှယ်ဦးမြင့်အောင်မိုး က ဆိုသည်။
''စိစစ်ပြီးတာတွေကို အစီရင်ခံစာတင်မယ် အရေးယူတာကတော့ အစိုးရအပိုင်းပေ့ါ။ တချို့ (မြေ
တွေ) ကတော့ မူလပိုင်ရှင်ဆီကနေ သိမ်းပြီး ပြန်ချပေးထားတာ။ တချို့ တော့ အစိုးရမြေပေ့ါ။
အဓိကကျတဲ့ ကန်တော်ကြီးပတ်ချာလည်က သဘာဝအတိုင်း ကော်ဖီစိုက်ခင်းတွေပဲ ရှိသင့်တယ်။
အခုက အဲဒီလိုမဟုတ်ပဲနဲ့ မြေကိုပိုင်းမယ်၊ ခြမ်းမယ်၊ ရောင်းမယ်ဖြစ်နေကြတာ။ သဘာဝ
ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မယ်။ နောက်တစ်ခုက ကန်တော်ကြီးရဲ့ ရေဝေရေလဲဧရိယာဖြစ်
နေတဲ့အတွက် ကော်ဖီစိုက်တာ ဒေသအတွက်ကောင်းတယ်။ သဘာဝပတ်ဝန်းကျင်အတွက်
လည်းကောင်းမယ်။ စိစစ်ရင်းနဲ့ တကယ်ကို စိုက်နေတဲ့သူတွေလည်းရှိတယ်။ တော်တော်လေးကို
ဖြစ်ထွန်းနေတာတွေ ရှိတယ်။ ဒါကတော့ ဆက်လုပ်ခွင့်ပြုရမယ်။ အစိုးရကလည်း ဒီလိုလူတွေကို
ပံ့ပိုးကူညီရမယ်'' ဟု ဦးမြင့်အောင်မိုးက မြန်မာတိုင်း(မ်) ကို ပြောသည်။















