ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

မြန်မာ့ရိုးရာ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကို အစိုးရသစ်က သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်း ၁
ရက်အထိ ငါးရက်သတ်မှတ်တာနဲ့ပတ်သက်ပြီး မန္တလေးစက်မှုဇုန်က Winn General Electronic
လုပ်ငန်းရှင်ဦးရဲဝင်းအောင်က သူ့ရဲ့အမြင်ကို ငါးမိနစ်စကားစမြည်ကဏ္ဍအတွက် ဖြေကြားပေး
ထားပါတယ်။

အစိုးရသစ်ရဲ့ သင်္ကြန်ပိတ်ရက်သတ်မှတ်ခြင်းအပေါ်မှာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြိုဆို
တယ်။ ဘာဖြစ်လို့ ကြိုဆိုတာလဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်က သူများတစ်လှမ်းလောက်လှမ်း
နေချိန်မှာ အလှမ်း ၂ဝ လောက်လှမ်းရမှာ။ ကျွန်တော်တို့က အချိန်ပြည့်အားနေလို့ မဖြစ်ဘူး။
အလုပ်လုပ်နေရမှာပေါ့။

လူတိုင်း အလုပ်လုပ်နေတဲ့အချိန်မှာ ပိုပြီးလုပ်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ
ပိတ်ရက်တွေများနေတဲ့အတွက် ဒီပိတ်ရက်အပေါ်မှာ ကြိုဆိုတယ်။ ဒါပေမဲ့ ချက်ချင်းကြီးအခုပိတ်
မယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ကြိုတင်ပြင်ဆင်ပြီးမှ ကြေညာချက်ထုတ်ရင်တော့ ပိုကောင်းတာ
ပေါ့။ ဒီလိုအသံတွေ မထွက်တော့ဘူး။

အခုဆိုရင် ဒီနှစ်ကနေပြီးတော့ သေချာပေါက်ငါးရက်ဆိုရင် နောက်နှစ်ကျ ဘယ်သူမှ Complain
တက်လို့မရတော့ဘူး။ ဒီနှစ်တော့ အစိုးရအနေနဲ့ အလျော့အတင်းတော့ လုပ်ရမယ်။ နိုင်ငံ့ဝန်ထမ်း
ဆိုတာ နိုင်ငံအတွက်အလုပ်လုပ်ဖို့လာတာပဲ။ နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ အရေးကြီးရင်
တော့ အရေးကြီးသလို အလုပ်လုပ်ရမှာပဲ။ ဘာလို့လဲဆိုတာ့ သူက နိုင်ငံ့ဝန်ထမ်း ခံယူထားတာ
ကိုး။ ကိုယ့်စီးပွားရေးကိုယ်လုပ်ရင် ကိုယ်ပိတ်ချင်တဲ့အချိန်ပိတ်။ နိုင်ငံကြီးနဲ့ချီတာဖြစ်တဲ့အတွက်
နိုင်ငံဆိုတာ ကိုယ့်တစ်ယောက်တည်း ရပ်တည်လို့မရဘူး။ အသင်းအဖွဲ့တွေ၊ အစုအဖွဲ့တွေ၊ အခြား
ကုမ္ပဏီတွေ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အခါ လိုအပ်ရင်တော့ လိုအပ်သလိုတော့ လုပ်ပေးရမှာပဲ။

နှစ်ဆန်း ၁ ရက်လောက်အထိ အစိုးရရုံးတွေ၊ ဘဏ်တွေပိတ်တာ ကိစ္စမရှိဘူး။ အဲဒီရဲ့ ဟိုဘက်
ပိတ်တဲ့ရက်မျိုးကြတော့ နည်းနည်းလေး အလုပ်လုပ်ရတာ ခက်သွားတာပေါ့။ စီးပွားရေးနာလန်
ထူဖို့ ကြိုးစားနေတဲ့အချိန် မှာ အလဟဿ     ပိတ်ရက်တွေများနေတာက ဘယ်လိုမှ အဆင်မပြေနိုင်
ဘူး။

တခြားတိုင်းပြည်တွေ ပြန်လည်ထူထောင်ခါစမှာ နေ့ရော ညရော အလုပ်လုပ်ကြရတာ။ တကယ်
တမ်းပြောရရင် ကိုယ့်တိုင်းပြည်လည်း ပြန်လည်ထူထောင်တဲ့အချိန်ပဲ။ ဖြစ်နိုင်ရင် အကုန်လုံးက
တက်ညီလက်ညီ လုပ်သင့်သေးတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး